" ဆရာလေး! ဆရာလေး"
စာစစ်နေရင်းမှ ကလေးတစ်ယောက်အော်ခေါ်သံကြောင့် ခေါင်းထောင်ကြည့်မိသည်။
" ဟ ဖိုးကျဲ ဘာဖြစ်တာလဲ ။ ဘယ်ကောင်တွေရန်ဖြစ်ကြပြန်ပြီလဲ။"
" မ ဟူးး မဟုတ်ပါဘူး ။ဆရာလေးရဲ့ ဖုန်းလာနေလို့ "
"သြော်ဒါလေးများ ပြေးလာရသလားကွာ။ ပေး ပေး သား။ မင်းအတန်းမဆင်းသေးဘူးမလား။ "
"ဟုတ် ။ သားသွားလိုက်အုန်းမယ်နော်။"
"အေး အေး။ "
၀င်လာသောဖုန်းကိုကြည့်လိုက်တော့ ဒယ်ဒီ့ဆီကဖြစ်သည်။ ဘာလို့ပါလိမ့် မဆက်စဖူး ပါလား။
" ဟယ်လို ဒယ်ဒီပြော
ဗျာ!!"
🌿🌿🌿နေ့လည်ကျောင်းဆင်းပြီဖြစ်သောကြောင့် ကျောင်း၀န်းထဲတွင် ဟိုနားတစ်စုဒီနားတစ်စု ဖြင့် ကျောင်းသားလေးများထမင်းစားနေကြလေသည်။
" ဟင် ဆရာလေးရော မတွေ့ပါလား ။ စာစစ်နေတာမပြီးသေးပြန်ဘူးထင်တယ်။ သွားကြည့်လိုက်အုန်းမယ်။"
" ဆရာမ သွားလည်း တွေ့မှာမဟုတ်ဘူး ။ "
" ဘာလို့လဲမဖြူ ။ "
" ဆရာလေးက နေ့လည်မဆင်းခင်ကတည်းက အရေးကြီး ကိစ္စ ရိှတယ်ထင်တယ် ။ ပြန်သွားတယ်လေ။"
" ဟုတ်တယ် ဆရာမချို ။ ကျွန်မနဲ့ ကျောင်းအုပ်ကြီးစကားပြောမေနတုန်း ရေးကြီးသုတ်ပြာနဲ့ ခွင့်၂ပတ်တောင်ယူသွားသေးတယ်တော့်။"
"ဟယ် ဘာများဖြစ်တာပါလိမ့်။ မဖြူသိလား ဟင်။"
"ချိုရယ် သိပ်လည်းပူမနေပါနဲ့ ။ သိသာနေပြီနော်။"
"ဟုတ်တယ်နော်ချို ။ သိပ်စိုးရိမ်နေတာကြီးကမဟုတ်သေးဘူး။"
"အို အမတို့ကလည်း ။ချိုက ဒီအတိုင်းမြင်တွေ့နေကြ မတွေ့လို့မေးကြည့်တာပါ ။ "
"ဟင်းပြောတာပါပဲ။ အပြောတော့မဟုတ်ဘူးရယ် ချိုနဲ့ ဆရာလေးက လွှတ်လိုက်ဖက်တာ။ ဆရာလေးက အပြုံးချိုချို ၊တည်တည်ကြည်ကြည်အသားကလည်းဖြူနေတာပဲ ၊ ကိုရီးယားမင်းသားကျနေရော။"
YOU ARE READING
🌼တိုးတိတ်သောချစ်ခြင်းခေါ်သံ(သို့) တမာ🌼
Lãng mạnintro "ငါမင်းနဲ့မခွဲနိုင်ဘူးေ လ အမာရယ်" ကျွန်တော် သူမ၏မျက်၀န်းများကို စိုက်ကြည့်ပြီး ပြောပြလိုက်သည်။ သို့သော် သူမပြန်ပြောလာသည်က " အာ့တာ ရှင့်ကိစ္စပါ" အသက်ငယ်ပေမယ့်လောကဓံရဲ့ရိုက်ချက်တွေကြောင့် စိတ်ဓာတ်ပြတ်သားမာကြောနေသော မိန်းကလေး၊ ဆင်းရဲပေမယ့်...