"သား ဘယ်ဘက်ကွေ့လိုက် ။ ရှေ့နားနည်းနည်းမောင်းလိုက်ရင် မင်းဦးကြီးအိမ်ရောက်ပြီ။"
"ဟိုရှေ့က အိမ်လားဒယ်ဒီ"
"အေး အေး သားဟုတ်တယ်။ မေကြီးရေ ဆင်းရအောင် ။ သားက ကားကိုလမ်းဘေးအရိပ်ရတဲ့နေရာမှာ သွားထားလိုက် "
"ဟုတ်ဒယ်ဒီ။"
ကျွန်တော်ကားထားပြီးအထဲခင် အိမ်ကိုသေချာကြည့်လိုက်မိသည်။ နှစ်ထပ်ခြေတန်ရှည် အိမ်လေးပါပဲ။ နာရေးရိှလို့ထင်တယ် လူတွေများသား ။ ကျွန်တော်၀င်သွားတော့ ဦးလေးကို ကုတင်ပေါ်မှာ စောင်လေးခြုံပေးထားကြသည်။ အရင်ကထက်ပိုပိန်သွားလိုက်တာဦးလေးရယ်။
ဘ၀တွေတယ်လည်းကြမ်းပါလားဗျာ။ စိတ်ထားကောင်းတဲ့ကျွန်တော့်ဦးလေးကြီး ဒီဘ၀မှာပြုလုပ်ခဲ့တဲ့ကောင်းမှုတွေကြောင့် နောက်ဘ၀ပြည့်စုံမှာပါဗျာ။
"အမလေး အဖေ့ရဲ့ သမီးတို့ကိုထားသွားပြီလား ။"
" ဒီမှာလေအဖေသိပ်ကြိုက်တဲ့ ထမင်းဆီစမ်းနဲ့ ငခြောက်ဖုတ်လေး ထစားပါအုန်းလားအဖေရဲ့။"
ကျွန်တော် ဦးလေးကြီးအလောင်းကိုရပ်ကြ ်ည့်နေရင်းမှာ အသံတွေကြောင့် ဘေးဘက်ကိုကြည့်မိလိုက်သည်။ အသည်းအသန်ငိုနေသော အမျိုးသမီး၂ယောက် ။ ဦးလေးကြီးသမီးတွေထင်ပါရဲ့ ။ အောက်ခြေရင်းမှာထိုင်နေတဲ့ အကိူကြီးက တော့ သားကြီးဆိုတဲ့လူဖြစ်မယ်။ မာမီတို့နဲ့ငိုပြီးစကားပြောနေတဲ့အသားဖြူဖြူအဒေါ်ကြီးက ဦးလေးကြီးမိန်းမ ဖြစ်မည်။ ဘေးနာက ကလေးငယ်လေးကတော့ ဦးလေးပြောပြောနေတဲ့အငယ်ကောင် လေး။ ဒါဆိုစုစုပေါင်း၄ယောက်ပေါ့သားသမီးက ။ ဟမ် ဟာ ဦးလေးကြီးပြောတာ၅ယောက်ပါ တစ်ယောက်ကဘယ်ရောက် သြော် အမာ ။ ဟုတ်တယ်အမာဆိုတဲ့ကလေးမ ဘယ်မှာပါလိမ့်။ ကျွန်တော်လူကြားထဲ လိုက်ကြည့်နေမိသည်။
" ဟဲ့သား ဒီလာလေ တရားနာတော့မှာ" မာမီနားသာလူကရောက်သွားတာ။ စိတ်က ထိုကလေးမသာ တွေ့ချင်နေမိသည်။ အဖေနာရေးတောင်မလာဘူးလား။ မကြာခင်ဘုန်းကြီး၃ပါးကြွလာပြီး ပရိတ်ရွတ်ကြလေသည်။
" ကဲ အားလုံးရေစက်ခွက်ကလေးတွေကိုင်ထားပြီး ဘုန်းဘုန်းနောက်က လိုက်ဆိုကြ ဒကာကြီး ကိုအမျှေ၀ကြရအောင် "
YOU ARE READING
🌼တိုးတိတ်သောချစ်ခြင်းခေါ်သံ(သို့) တမာ🌼
Lãng mạnintro "ငါမင်းနဲ့မခွဲနိုင်ဘူးေ လ အမာရယ်" ကျွန်တော် သူမ၏မျက်၀န်းများကို စိုက်ကြည့်ပြီး ပြောပြလိုက်သည်။ သို့သော် သူမပြန်ပြောလာသည်က " အာ့တာ ရှင့်ကိစ္စပါ" အသက်ငယ်ပေမယ့်လောကဓံရဲ့ရိုက်ချက်တွေကြောင့် စိတ်ဓာတ်ပြတ်သားမာကြောနေသော မိန်းကလေး၊ ဆင်းရဲပေမယ့်...