ကြိုးတစ်ချောင်းနှင့်ထိုင်ခုံပေါ်တက်ကာ တိုင်အမြင့်ပေါ်ပစ်တင်နေသောသူမကိုမြင်လိုက်ရသောကြောင့် ကျွန်တော် ဘာမှတွေးမနေတော့ နောက်ကနေသိုင်းချုပ်ထားလိုက်သည်။"မင်းဒါဘာလုပ်တာလဲ!။ လူ့ဘ၀ဆိုတာရခဲတယ်ဆိုတာမသိဘူးလား"
" ရှင် ! လွှတ်စမ်း ! ပြောနေတယ်လေ! "
" ငါ က ကယ်ပေးနေတာ"
" ဘာကယ်တာလဲ ။ ရူးနေလို့လား ဖယ်နော် ။"
သူမအတင်းရုံးသောကြောင့် မနည်းထိန်းထားရလေသည်။
" အေး ရူးနေလားဆိုတာ မင်းကိုယ်မင်း ပြန်မေးရမှာကွ။ "
"ဖယ်ဆိုတာကို အရူးကွက်လာနင်းနေတာ။ ကဲဟာ!"
" ဟာ ! "
ခြေထောက်ဖြင့်အကန်ခံလိုက်ရသဖြင့် ကျွန်တော်လဲကျသွားသည်။ သေချာတာကတော့ သူမကိုမလွှတ်ပေးခဲ့ပါ ။ လဲကျသွားသော်လည်း ကျွန်တော် မနာပေ။မနာဆိုသူမအပေါ်ကျသွားသည်လေ။ ဟင် သူမရေချိုးထားတာလား။ ခြုံထားတဲ့သဘက်လွင့်သွားသဖြင့်သူမ၏ ပုခုံးဖွေးဖွေးလေး၊လည်တိုင်လှလှလေး ၊မျက်နှာလေးမှာလည်း ရေစက်လေးတွေပါလား ။
ကျွန်တော်ကြောင်နေမိသည် ။ ရင်ထဲလည်း ဗလောင်ဆူနေ၏။" ရှင် ဖယ်လေ! ။ "
💜💜💜💜💜
"ကားကလည်းအပြန်ကျမှပျက်ရတယ်လို့တော်။အမကြီးကိုအားနာလိုက်တာရှင် ။အခုလိုလမ်းလျှောက်ရတာ ညောင်းရောပေါ့။"" ရပါတယ် ဘာမှအားမနာပါနဲ့ ။ အညောင်းပြေပါသေးတယ်။"
" ကျေးဇူးပါရှင် အခုလိုလာပေးတာနဲ့တင် တကယ်ကျေးဇူးတင်မိတာပါ။ ဟိုလေ အမသားလေးမမြင်ပါလား ။ ပြန်သွားတာလား"
" သားက ကျန်နေခဲ့တာလေ။ အဘွားတစ်ယောက်ကို ကူညီပေးရင်း ။ အိမ်မှာပဲနေမှာပါ။"
" တော်သေးတာပေါ့ ။ ကျွန်မသမီးလည်းကျန်နေခဲ့တာ ။ တစ်ယောက်ထဲစိတ်မချဖြစ်နေတာ အမသားရိှတော့ စိတ်နည်းနည်း သက်သာတာပေါ့။ ကဲရောက်ပြီအမ မပြန်နဲ့အုန်း ကျွန်မရေလေးတိုက်ပါရစေ။"
" ရတယ် မလုပ်ပါနဲ့။ သားဒယ်ဒီလာမှ ပြန်မှာပါ။ သြော် ပြောလည်းမရပါလား ။
YOU ARE READING
🌼တိုးတိတ်သောချစ်ခြင်းခေါ်သံ(သို့) တမာ🌼
Romanceintro "ငါမင်းနဲ့မခွဲနိုင်ဘူးေ လ အမာရယ်" ကျွန်တော် သူမ၏မျက်၀န်းများကို စိုက်ကြည့်ပြီး ပြောပြလိုက်သည်။ သို့သော် သူမပြန်ပြောလာသည်က " အာ့တာ ရှင့်ကိစ္စပါ" အသက်ငယ်ပေမယ့်လောကဓံရဲ့ရိုက်ချက်တွေကြောင့် စိတ်ဓာတ်ပြတ်သားမာကြောနေသော မိန်းကလေး၊ ဆင်းရဲပေမယ့်...