my cardigan

119 25 0
                                    

- melancholic chapters -

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

- melancholic chapters -

လူတစ်ယောက်ကို ဘယ်အချိန်အထိ ချစ်နိုင်မှာလဲ။

အယ်ဗန် မျက်စိရှေ့က စာရွက်အပိုင်းအစလေးကို
မျက်တောင်မခတ်ကြည့်နေရာကနေ လုံးခြေလိုက်သည်။ သူ့ဘဝမှာ ပထမဆုံးအကြိမ် ချစ်ခဲ့ပေမဲ့လဲ ချစ်ခြင်းတရားက ထင်သလောက် နက်ရှိုင်းမနေဘူးလို့ ခံစားနေရတဲ့အချိန်မှာမှ တိုက်တိုက်ဆိုင်ဆိုင် တွေ့တဲ့စာရွက်က စိတ်ရှုပ်စရာကောင်းသည်လေ။

ဝီလီယမ်၊ ဝီလီယမ်က သူ့အတွက်တော့ အပြီးမသတ်ရသေးတဲ့ puzzleတစ်ခုနဲ့တူသည်။ အပိုင်းအစတစ်ခုချင်းစီကို ဆက်နေရတဲ့အချိန်မှာ စိတ်ရှုပ်ရပေမဲ့ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတဲ့အခါ ကျေနပ်ရပြီး နောက်ဆုံးရလဒ်ရခါနီးလေ ပျင်းဖို့ကောင်းလေ ဖြစ်လာတာလေ။

ဝီလီယမ်နဲ့ အယ်ဗန်ဆိုတဲ့ နာမည်နှစ်ခုက အတွဲလိုက်အဖြစ် သူတို့ကျောင်းကလူတွေကြားထဲမှာ  ရေပန်းစားတဲ့ အကြောင်းအရာတစ်ခုအနေနဲ့ လိုက်ဖက်ညီစွာ ရှိပေမဲ့ တကယ်တမ်းတော့ သူတို့ပဲ သိတဲ့ သူတို့က လုံးဝ ဆန့်ကျင်ဘက်တွေ။

သူက တစ်ခုခုကို သေချာ စဉ်းစားပြီးမှ လုပ်တတ်တဲ့လူဆိုရင် ဝီလီယမ်က စိတ်ထင်ရာဆိုင်းတတ်တဲ့လူမျိုး။

ဝီလီယမ်က စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်လမ်းတွေကို သဘောကျတတ်ရင် သူက လက်တွေ့ဆန်တဲ့ အချစ်ဇာတ်လမ်းကိုပဲ ပုံဖော်ချင်သူ။

ဝီလီယမ်က ဂရုစိုက်မှုတွေလိုအပ်တဲ့လူဖြစ်ပြီး သူက ဂရုစိုက်မှုတွေကို ထုတ်မပြတတ်တဲ့လူ။

ဝီလီယမ်က ဘာကိုမှမစဉ်းစားဘဲ ပေါ့ပါးနေတတ်ပေမဲ့ သူက အရာရာကိုအတွေးလွန်ပြီး စိတ်ပူတတ်တဲ့လူ။

Melancholic Chapters || heesunjakeWhere stories live. Discover now