- melancholic chapters -
//ဝီလီ ကိုယ် ကပွဲကို မလာနိုင်တော့ဘူးနော်။
အရေးကြီး ကိစ္စလေးပေါ်လာလို့။ //ဝီလီယမ် ကပွဲအတွက် ပြင်ဆင်နေတုန်း ဝင်လာတဲ့ စာတိုကိုဖတ်ပြီး ပြင်ဆင်ထားတာတွေကို အကုန်ဖျက်ပစ်ကာ အရူးတစ်ယောက်လို အော်ဟစ်ချင်လာသည်။
အယ်ဗန်ကထပ်ပြီးတော့ သူ့ထပ် တခြားဟာတစ်ခုကို ရွေးသွားပြန်ပြီ။ သူ စိတ်ရှုပ်ရှုပ်နဲ့
နက်ခ်တိုင်ကို ဆွဲဖယ်ရင်း ဆံပင်တွေကိုလဲ ဖွပစ်လိုက်သည်။//ဝီလီယမ် အခုထိ မရောက်သေးဘူးလား။ ငါတို့ အကုန်စောင့်နေတာ။ //
ထပ်ဝင်လာတဲ့ စာတိုကြောင့် သူ စိတ်ထင်ရာလုပ်လို့မရတာကို ပြန်သတိဝင်သွားပြီး
ဆံပင်တွေကို သေသေချာချာပြန်ပြင်ကာ
နက်ခ်တိုင်ကိုလဲပြန်တင်း၍ အိမ်ကထွက်လာလိုက်ရသည်။ကပွဲက ထင်ထားတာထပ် လူရှုပ်နေတာမလို့
ပွဲတစ်ဝက်လောက်မှာပဲ သူ ကပွဲထဲကနေ ထွက်လာကာ ထောင့်နားမှာ ငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။ အယ်ဗန့်ကို တွေ့လိုတွေ့ငြား လိုက်ရှာပေမဲ့ အရိပ်အယောင်တောင် မတွေ့ရတာမလို့ မလာတာ လုံးဝသေချာနေပြီ။"ဝီလီယမ်၊ စိတ်ပြေလက်ပျောက် ကိုယ်နဲ့ ကားပတ်စီးမလား။ "
သူတစ်ယောက်တည်းမလို့ တိတ်ဆိတ်နေတဲ့ လေထုက အသံလှိုင်းတစ်ခုရဲ့ နှောင့်ယှက်ခြင်းကို ခံလိုက်ရတာကြောင့် ဝီလီယမ် မော့ကြည့်လိုက်တော့ သိပ်ပြီး ရင်းနှီးမှု ရှိမနေတဲ့ မျက်နှာ။ ဒါပေမဲ့ ကပွဲကို ရောက်နေမှတော့ yearချင်းအတူတူပဲ ဖြစ်လောက်ပါသည်။ ဝီလီယမ်က မျက်နှာတွေကို သိပ်မမှတ်မိလို့ မရင်းနှီးသလို ဖြစ်နေတာနေမှာ။
YOU ARE READING
Melancholic Chapters || heesunjake
Fanficscent of salt air lingering around my cardigan is the beginning of our melancholic chapters