- melancholic chapters -
// warning - micro cheating, a little heated scenes (not smut) //"ဝီလီယမ်၊ စိတ်ပြေလက်ပျောက် ကိုယ်နဲ့ကား
ပတ်စီးမလား။ "ကျောင်း ကပွဲရဲ့ထောင့်နားမှာ ငူတူတူထိုင်နေတဲ့ ပုံရိပ်ဆီလျှောက်သွားကာ မေးမိတော့ မော့ကြည့်လာတဲ့ ပုံရိပ်ရဲ့ မျက်ဝန်းမှာ အံ့ဩမှုအငွေ့အသက်တွေက အပြည့်ဖြစ်နေသည်။
"အင်း၊ သွားကြတာပေါ့။ "
တစ်ချက် တွေဝေသွားပေမဲ့ မတုံ့မဆိုင်းဖြေလာပြီး လက်ကမ်းပေးလာတာကြောင့် လှမ်းဆွဲကာထူပေးလိုက်သည်။
ဩဂုတ်လက malibuရဲ့ အပူဆုံးလဆိုတာကို ငြင်းလို့မရအောင်ကို ပူတာမလို့ ချွေး အနည်းငယ် စို့ချင်နေတဲ့ နဖူးစပ်ကို လက်နဲ့သပ်ချရင်း ကားတွင်း အအေးဓာတ်ကို မြှင့်တင်လိုက်သည်။ ဘေးက ဝီလီယမ်ကတော့ အပြင်ကအပူဒဏ်ကိုရော၊ ကားထဲက အအေးဓာတ်ကိုရော သတိမမူမိတဲ့ ပုံစံနဲ့ မလှုပ်မယှက်သာထိုင်နေသည်။
ဝီလီယမ့်ပုံစံကို ကြည့်ရုံနဲ့
အယ်ဗန်နဲ့ပြဿနာဖြစ်လာတယ်ဆိုတာ ၁၀၀ရာခိုင်နှုန်း သေချာနေပြီမလို့ သူဘာမှတော့ ထပ်မမေးတော့ပါ။ သူနဲ့အတူရှိတဲ့အချိန်တော့ သူ ဝီလီယမ့်ကို စိတ်ချမ်းသာစေချင်ပါတယ်။"ကမ်းခြေကို သွားလိုက်မယ်နော်။ "
တစ်ချက်သာ ဆတ်ခနဲ ခေါင်းညိတ်ပြလာပြီး
လုံခြုံရေးခါးပတ်ကိုပတ်ကာ မျက်လုံးတွေမှိတ်သွားတဲ့ ဝီလီယမ်ကြောင့် သူလဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ကားမောင်းတာကို အာရုံစိုက်လိုက်သည်။"ဝီလီယမ်၊ ရောက်ပြီနော်။ "
ကမ်းခြေမြို့ဖြစ်တဲ့အလျောက် မိနစ်အနည်းငယ်လောက် မောင်းပြီးတာနဲ့ ကမ်းခြေကိုရောက်သွားသည်။ နွေရာသီညရဲ့ ကမ်းခြေက လှိုင်းပုတ်သံတွေ တစ်ချက်တစ်ချက် တိုးထွက်လာတာကလွဲရင် တိတ်ဆိတ်မှုသာ ကြီးစိုးလေရဲ့။ ဒီနေ့က ကျောင်းကပွဲနေ့မလို့ ကမ်းခြေမှာ အရင်လို
လူမရှုပ်ဘဲ ရှင်းလင်းနေသည်။
YOU ARE READING
Melancholic Chapters || heesunjake
Fanfictionscent of salt air lingering around my cardigan is the beginning of our melancholic chapters