Part-1

1K 24 1
                                    


Unicode Ver

ဖြောင်းဖြူးရှင်းလင်းသောလမ်းတစ်လျှောက်ကားဖြူလေးတစ်စီးနှင့် ကုန်တင်ကားတစ်စီးသည် ငြိမ့်ငြောင်းစွာမောင်းနှင်လျက် တည်နေရာ တစ်ခုထဲစီသို့ ဦးတည်သွားနေကြသည်။

ဘုန်းခန့်ညားသွင် တစ်ယောက် လေတဖြူးဖြူးတိုက်ခတ်ပြီး အေးချမ်းဆိတ်ငြိမ်သောမြို့လေးထဲ၀င်ရင်း ငြိမ်းချမ်းမှုနှင့်စိတ်ပျော်ရွှင်မှုကို ကားမောင်းရင်အပြည့်အ၀ခံစားနေတော့သည်။

သုံးနာရီနီးပါးကားမောင်းပြီးသည့်အချိန်၌ သူ့အဘိုးဖြစ်သူပိုင်ဆိုင်ရာ တော်၀င်စံအိမ်ကြီး သို့ရောက်ရှိခဲ့ပြီဖြစ်သည်။

သူ၏အဘိုးသည် စီးပွားရေးပညာရှင်ကြီးဦးခန့်ညားဖြစ်ရာ အိမ်ခြံမြေစုဆောင်းရောင်း၀ယ်ရေးများ၌လည်း ၀ါဿနာပါသူဖြစ်လေသည်။ဒါကြောင့်မို့လည်း  တော်၀င်စံအိမ်ကို ပိုင်သည့်ပိုင်ရှင်အဟောင်းများက နိုင်ငံခြားသို့ အပြီးပြောင်းမသွားခင် စံအိမ်အား အဘိုးဖြစ်သူထံသို့ စျေးပေါပေါနှင့်ရောင်းချသွားခဲ့ခြင်းဖြစ်၏။

အဘိုးဖြစ်သူပိုင်ဆိုင်ရာ တော်၀င်စံအိမ်သည် မြို့စွန်ဘက်တွင်ဖြစ်ရာ  မြို့လယ်ပိုင်းတွင်တော့ လူများတည်းခိုရာ ဟိုတယ်တစ်ခုလည်းရှိသည်။ထို ဟိုတယ်သည်လည်း ဘုန်းခန့်ညားတို့ ပိုင်ဆိုင်သည့် အရာဖြစ်သည်။စံအိမ်ကြီးရှိရာခြံ၀န်း နံဘေးပတ်၀န်းကျင်တွင်တော့ ရွာလေးအဖြစ်သာတည်ထားပြီး လူနေအိမ်လေးများစွာရှိသည်။

အဘိုးသည် သူ၏သားဖြစ်သူ ဦးမင်းခန့်ညားအား သူ့စံအိမ်ကို ဦးစေသော်ငြား ဦးမင်းခန့်ညားသည်ကား ဆေးကုရတာပဲ ၀ါသနာပါသည့် ဆရာ၀န်တစ်ယောက်ဖြစ်နေသည်မို့ သူ့ခြေရာနင်းနိုင်သောမြေးဖြစ်သူ ဘုန်းခန့်ညားကိုသာ တိုက်ရိုက် လွှဲပေးလိုက်ခြင်းဖြစ်သည်။

သို့သော် စံအိမ်၌ တချို့တချို့သောအရာများရှိသည်ဟု တော်၀င်စံအိမ် ပတ်၀န်းကျင်ရှိလူများသာမက ဘုန်းခန့်ညား၏ အဘိုးအား စံအိမ်ကိုရောင်းခဲ့သောပိုင်ရှင်ဟောင်းများကလည်း ပြောသွားခဲ့သည်ဟု ဆိုလေသည်။ ထိုစံအိမ်အတွင်းရှိ အခန်းတစ်ခန်းကိုပင် ချိတ်ပိတ်ထားကြောင်းလည်း သိထားရ၏။

You've reached the end of published parts.

⏰ Last updated: Dec 18, 2024 ⏰

Add this story to your Library to get notified about new parts!

The RoyalWhere stories live. Discover now