One

178 29 8
                                    

Song Recommend - Unconditionally (Katy Perry)

"သံသရာတစ်ကွေ့မှာ ပြန်ဆုံခဲ့ကြတဲ့အခါ..."
  

အောက်တိုဘာလရဲ့ မိုးစက်တွေက မညှာမတာနဲ့ ရုတ်တရပ် ခပ်ပြင်းပြင်းရွာချတဲ့အခါ တစ်ထပ်အိမ်ကလေးပါရှိတဲ့ ခြံဝန်းထဲက လူနှစ်ယောက်မှာ ချက်ချင်းပင် ရုန်းရင်းဆန်ခတ်ဖြစ်သွားတော့တယ်..


"ဟာ မိုးကလဲ ဒုက္ခပါပဲ ရုတ်တရပ်ကြီး ရွာလာရတယ်လို့"

"ဂျယ်.. ခြံထဲမသွားခင် ဦး‌ထုပ်ဆောင်းသွားဦး အဖျားမိနေဦးမယ်"

"ကိုကို အဲ့နားမှာပဲနေဦးနော် ကျွန်တော် အဝတ်တွေသွားရုတ်ဦးမယ်.."

"အွန်း ဒီမှာပဲစောင့်နေမယ်"


တလှုပ်လှုပ်နဲ့ မိုးရေထဲတိုးဝင်သွားတဲ့ နောက်ကျောလေးကို ကြည့်ရင်း သူ့ရင်ထဲမှာ တသိမ့်သိမ့်နဲ့...
စတင်ခဲ့တဲ့ခြေလှမ်းတွေက ကိုယ့်ဘက်ကဖြစ်ခဲ့ရင် ကိုယ့်ဆီကိုမရောက်မချင်း ရှေ့တိုးလာတာကတော့ ဂျယ်  ပဲဖြစ်လိမ့်မည်။


"ကျွန်တော်တို့အထဲကို ဝင်ကြရအောင်နော်..ကိုကို ဗိုက်ဆာနေပြီလား"

"ကိုယ် ခုနကမှ အဆာပြေမုန့် စားထားပါသေးတယ်။ မဆာသေးဘူး "


wheelchair လက်ကိုင်ကနေ တွန်းလာသူကို နောက်ပြန်လှည့်ကြည့်မိတော့ "ဂျယ်" ဟာ နွေးထွေးတဲ့အကြည့်တွေနဲ့ သူ့ကိုကြိုဆိုပြန်တယ်။


"ကိုကို ထပ်ပြီး ခေါက်ဆွဲတွေပဲ စားထားပြန်ပြီလား... ပတ်ခ်ဆောင်ဟွန်းက ဘာလို့စကားနားမထောင်တာလဲ မသိတော့ပါဘူး.."

"ဟော ကိုယ့်ကိုရစ်တော့မယ်...
ဂျယ်ပဲ မနက်က ဆိုင်မှာပိုတဲ့ ‌ကိတ်မုန့်တွေ ရေခဲသေတ္တာထဲ ထည့်ပေးသွားတယ်လေ"


အိမ်ထဲရောက်လာပြီဖြစ်တဲ့ ဂျယ်က သူ့ကိုဆိုဖာပေါ်မှာ သက်သောင့်သက်သာနဲ့ ထိုင်လို့ရအောင် ခါးမှထိန်းကာ နေရာချပေးတယ်...

"ဟုတ်သားပဲ ကျွန်တော်မေ့သွားတယ် ဟီးး"

ဆိုဖာပေါ်မှာထိုင်နေတဲ့ ဆောင်ဟွန်းနဲ့တန်းတူဖြစ်အောင် ဂျယ်က ကော်ဇောပေါ်မှာ ဒူးထောက်ကာ ထိုင်ချပြန်တယ်..

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Oct 13 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

Whispering Throne// SungJakeTahanan ng mga kuwento. Tumuklas ngayon