ဆေးခန်း ပြင်ပမှာ ဆူညံမှုတွေများနေပေမဲ့
အခန်းထဲက ကုတင်ပေါ်က ကောင်ငယ်လေးကတော့ ငြိမ်သက်နေခဲ့ပါတယ်
မျက်လုံးအိမ်မှာငွေ့ရည်လေးများဖွဲ့နေမည်မှာ ဧကန်ပင်ဖြစ်သည်။ကောင်ငယ်လေးရဲ့ စိတ်ဓာတ်တွေဟာ
ဟိုးအောက်ချေထိရောက်နေခဲ့ပီ။
မိသားစုရဲ့ဖိနှိပ်မှုဒဏ်ခံရတဲ့အတွက် ပင်ပန်းအားငယ်နေတဲ့သူ့စိတ်တွေဟာ ခုဖြစ်ရပ်ကြီးကြောင့် ကောင်ငယ်လေးသည်
ကွင်းပြင်ကြီးတွင်တထီးတည်းရှိသောအပင်လေးကဲ့သို့ လေငင်ရာယိမ်းယိုင်နေခဲ့ပေပီ။
ဝမ်းနည်းစိတ်တို့ လွှမ်းမိုးနေခဲ့ပီ။
ဝမ်းနည်းလွမ်း၍သူ့နှုတ်ဖျားမှ"အားနည်းတဲ့သူကိုမှ ဘာကြောင့် အားနည်းချက်တွေထပ်ပေးရတာလဲဗျာ.."တဲ့
ဆေးခန်းပြင်ပက အမျိုးသမီးသုံးဦးရဲ့မျက်နှာမှာတော့ တစ်ဦးဟာ သူ့ကျောင်းသားကလေးအတွက် အလွန်အမင်းစိတ်မကောင်းဖြစ်နေပီး မျက်နှာမှာညိုးရော်နေသည်။
ကျန်အမျိုးသမီးနှစ်ယောက်မျက်နှာတွင်တော့ အထင်အမြင်သေးမှုတွေ၊စက်ဆုပ်ရွံရှာတဲ့ပုံပန်းသဏ္ဍန်ပေါ်လွင်နေခဲ့ပါတော့တယ်။"မာမီ ဘယ်လိုလုပ်မလဲ အ့အကောင်မှာ အ့လိုကြီးဖြစ်နေတာ သမီးရှက်တယ်အမေ
သမီးသူ နဲ့ မောင်နှမ ဖြစ်ရတာ တကယ်ဝဋ်ကြွေးဘဲ ......ဟင်း စိတ်ပျက်စရာ"(Author*အစစ်မ ကြည့်စမ်း ကိုယ့်မောင်လေးကို ကာကွယ်မပေးဘဲရိုက်ချနေတာ)
ဆရာမ မြသက်လျာမျက်နှာ ကွက်ခနဲ ပျက်သွားသည်
ဘယ်လိုအမကများဒီလိုစကားပြောထွက်ပါလိမ့် ။
သူမယုံနိုင် အမတစ်ယောက်အနေနှင့်ကိုယ့်မောင်လေးအရင်းချာအပေါ် ကာကွယ် ဖေးမမှုအပြည့်ရှိပေးသင့်သည်မဟုတ်ပါလား။"အော်အေ ညည်းအသာနေစမ်းပါ..."
ဒေါ်မိုးမခ သူ့သမီးအားဟန့်လိုက်သည် ဆက်ပြောသည်က.."ဆရာမ မြသက်လျာ ဒီကိစ္စကို ကွယ်ဝှက်ပေးထားစေချင်တယ်..တောင်းဆိုနေတာမဟုတ်ဘူးနော် "
ဒေါ်မိုးမခကတော့သူ့ပုံးစံအတိုင်း ဘဲမောက်မောက်မာမာစကားဆိုလာခဲ့တယ်။
ဆရာမ မြသက်လျာသည်လည်း သူတို့သားအမိနှစ်ယောက်ပုံစံကြည့်ပီးသတိထားမိပါရဲ့။ စကားပြောရာမှာအပေါ်စီးကနေတဖက်သားကိုချိုးနှိပ်ပြောဖို့ဝန်မလေးကြ။