"အန်တီ မြရေ အိန်တီမြ"
"ဟော သားကျူးလစ် လာဝင်လာခဲ့လေ
သက်တန့်ရေ သားသက်တန့် မင်းသူငယ်ချင်းလာတယ်ဟေ့"ပျူးလစ်ငယ် မိမိအိမ်လမ်းထဲရှိ ဒေါ်မြ မုန့်ဟင်းခါးဆိုင်သို့ရောက်နေခြင်းဖြစ်သည်။
"ဟော ကျုးလစ် လာ ကြည့်ပါဉီး မင်းတောင် ငါတို့ဆိုင်ရောက်မလာတာ တပတ်ရှိပီ ငါသေချာမှတ်ထားတာ ပြော ဘာတွေလုပ်နေလို့လဲ"
သက်တန့်ကျုးလစ်ငယ်အားအမေးစကားဆိုလာသည်။ သက်တန့်တို့သားအမိမှာ ကျူးလစ် ဆယ်တန်းပြီးကာစအချိန်မှ ပြောင်းရွှေ့လာခြင်းဖြစ်သည်။ ရောက်လာစအချိန်တွင် သားအမိနှစ်ယောက်မှာ နယ်ကဖြစ်သည့်အလျောက် မအူမလည်နှင့်။ကျူးလစ်သည်ပင် ပစ္စည်းများကူသယ်ပေးခဲ့ရသည်။ထိုအချိန်မှ စ၍သက်တန့်နှင့်ကျူးလစ်ငယ်သည် ခင်မင်လာခဲ့သည်။သက်တန့်သည်ကျူးလစ်ငယ်၏တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သလို ကျူးလစ်ငယ်သည်လည်းသက်တန့်၏အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။
ထိုအချိန်မှစ၍ သက်တန့်တို့သားအမိနှစ်ယောက်သည် ကျူးလစ်ငယ်၏ဒုတိယမြောက်မိသားစုဝင်တွေလိုပင် ဖြစ်လာခဲ့သည်။သက်တန့်၏ဖခင်ကတော့မရှိတော့ပေနယ်မှာပိုးထိ၍ဆုံးသွားပီဟု အန်တီမြပြောပြ၍သိခဲ့ရသည်။"အိမ်မှာ အလုပ်နဲနဲလေးရှုပ်နေလို့ပါသက်တန့်ရယ်"
"အေးပါ ဟုတ်ပါပီ ခါတိုင်းလိုဘဲစားမှာလား
ချဉ်စပ်လေး""အသေအချာပေါ့"
"မေမေ ပုံမှန်ဘဲနော် "
ဒေါ်မြတစ်ချက်ပြုံးလိုက်သည်။သူမသိတာပေါ့ ကျူးလစ်ငယ်သူမတို့ဆိုင်လာစားတိုင်းမုန့်ဟင်းခါးကိုချဉ်စပ်လေးလုပ်ပေးရမြဲပင်
"သိပါ့တော် ကဲဒီမှာ သားကျူးလစ် ဝအောင်စား လိုတာရှိရင်ပြောနော်ဒေါ်မြကိုအားမနာနဲ့ ""ဟုတ် တီမြ ကျေးဇူးပါနော်"
ဒေါ်မြတစ်ယောက်ပြုံးပြ၍ လုပ်စရာရှိတာဆက်လုပ်နေလိုက်သည်။"ကျူးလစ် ငါမင်းကို ပြောဦးမယ်
မင်းလေ အမြဲတမ်းပုဆိုးကြီးဘဲဝတ်နေတာ မငြီးငွေ့ဘူးလား ငါ့လိုဘောင်းဘီတိုလေးဝတ်ကြည့်ပါလား မင်းနဲ့ဆို တကယ်လိုက်မှာ"