"ဟဲ့...ကျူးလစ် ...ကျူးလစ်...ရေ.."
"ဗျာ.."
"လာစမ်းဒီကိုမြန်မြန် .."
သူမကတော့ ကျူလစ်ရဲ့အမ 'အိရွှေဇင်'ဖြစ်ပါတယ်။သူမဟာ ကျူးလစ်အပေါ်အမြဲနိုင်ထက်စီးနင်း ပြုမူဆက်ဆံလေ့ရှိသည်သာ။"ဟုတ်။ မမဘာပြောစရာရှိလို့လဲ"
"နင့်ကိုငါဘာလုပ်ခိုင်းထားလဲ...
ဟမ် နင့်ကိုငါဘာလုပ်ခိုင်းထားလဲလို့"ဒေါကြီးမောကြီးနဲ့ ရုပ်ကလေးနှင့်မှမလို့က်စကားသံတွေဟာဒေါသစွက်နေသည်။
"ဟို....."
ကျူးလစ်လဲ တစ်အိမ်လုံးက သူ့ကိုအလုပ်သမားကဲ့သို့ တခုပီးတစ်ခုခိုင်းလေတော့ သူမမှတ်မိတော့ပေ။
ဒါ့ကြောက့်အူလည်လည်လေးဖြစ်နေပေသည်။"နင့်ကို ငါ့ အဝတ်တွေမီးပူထိုးခိုင်းထားတာ နင်ဘာလို့လုပ်မထားတာလဲ ဟမ်း...
ခုငါအပြင်သွားမလို့ ဝတ်စရာမရှိဘူး
အ့ဒါနင်ဘလိုလုပ်ပေးမှာလဲ ပြောစမ်း ဟဲ့..""ဟို ခုခု လုပ်ပေးပါ့မယ်မမ
အမေခိုင်းထားတာလေးသွားလုပ်ပေးနေလို့ မေ့သွားတာပါမမ"တစ်အိမ်လုံးအလုပ်တွေဟာ ကျူးလစ်ငယ်ခေါင်းပေါ်မှာသာ။မိသားစုစီးပွားရေးအခြေအနေကလည်းအလယ်လတ်တန်းစားဖြစ်ပါသည်။ အိမ်မှာကူဖော်လောင်ဖက် ငှားနိုင်ပါလျှက် လုံးဝမငှားပါ။
ကျူးလစ်မှာ မနက်ဆိုအစော4နာရီထကာ
မနက်စာပြင်ဆင်ပေးရပါသည်။
ယောကျာ်းလေးတစ်ယောက်ဖြစ်ပါသော်ငြား ကျူးလစ်သည် အိမ်မှုကိစ္စအဝဝကို လုပ်ဆောင်နေခဲ့ရသည်။အိမ်မိသားစုဝင်တွေမှာလဲ သူ့အပေါ်လုံးဝသက်ညှာစိတ်မရှိပါ။
"ဘာပြောတယ် ..နင်ခုချိန်မှ လုပ်တော့ ငါဘယ်အချိန်သွားရမာလဲ နင်ဟာလေ ဘယ်နေရာမှ သောက်သုံးမကျဘူး...မေ့သွားတယ်ဟုတ်လား နင်မမေ့တာ ဘာရှိလဲ ဟင်..."အိရွှေဇင်ဟာ သူငယ်ချင်းတွေနှင့်မုန့်သွားစားဖို့ချိန်ထားခြင်းဖြစ်သည်။
"ဒါဆိုလဲ အိမ်ကိစ္စတွေလုပ်ဖို့ အိမ်အကူ ငှားလိုက်လေ"
ကျူးလစ်လဲ စိတ်တို၍ပြန်ပြောလိုက်မိသည်။"ဘာ နင်က ငါ့ကိုများပြန်ပြောတယ်ပေါ့ဟုတ်လား...လာစမ်းနင်..."
ရွှေဇင်ဟာ ကျူးလစ်ဗိုက်ကြောအားလိမ်ဆွဲလိုက်သည်။ ကျူးလစ်သည်လည်း နာကျင်လွန်း၍ မျက်လုံးအိမ်တွင် ငွေ့ရည်လေးများဖွဲ့လာခဲ့သည်။