Uni...
(စာမစစ်ထားပါဘူးဗျ။)
တစ်ခန်းလုံးမီးရောင်တွေမှိတ်ကျသွားပြီး စင်မြင့်တစ်နေရာကသာ ထွန်းလင်းနေသည်။
ထိုစင်မြင့်ပေါ်မှာကတော့ လက်ရှိဘုရင်ကြီးရဲ့ အဓိကသမီးအရင်း မြတ်မဟာပုလဲသွင်က ပြုံးပြုံးလေးလျှောက်လာရင်း လေလံပစ္စည်းတွေကို စတင်မိတ်ဆက်တော့သည်။
ဥဒေါင်းသျှင်တို့မှာ သိန်းသန်းထပ်နေသော လေလံပစ္စည်းတွေကြောင့် ခေါင်းပင်မူးနေကာ လေထဲမှာလည်း ပိုက်ဆံနံ့တွေချည်း။
"ငါတော့ဒီမှာထပ်နေရင် ငါ့ဘဝကြီးကိုစိတ်ကုန်မိတော့မယ်"
ရင်ဘတ်ထုပြီးပြောနေသော လွမ်းဝသုန်က မိန်းမလှလေးတစ်ယောက်ကိုပိုက်ပြီး အခန်းထဲကထွက်သွားသည်လေ။
ဥဒေါင်းလည်း ဘုရင်ကြီး Zerxကိုထားတဲ့ အခန်းကိုသွားဖို့လုပ်တုန်း ဘေးနားကလူတွေက ရုတ်ရုတ်သဲသဲဖြစ်လာသည်။
"နောက်ဆုံးတော့ white gold မြေပုံထွက်လာပြီ"
ဥဒေါင်းလည်းထိုစကားကြားလိုက်တာနဲ့ ပြန်ထိုင်ကာ ထွက်ပေါ်လာတဲ့အံ့ဩဘနန်းကြီးကိုကြည့်ဖို့ဆုံးဖြတ်လိုက်၏။
လက်ရာမြောက်လှတဲ့တန်ဖိုးကြီးကြွေပန်းအိုးတစ်လုံး။ အိုးေပါ်မှာတော့ ရှုတ်ရှက်ခတ်လှတဲ့မျှင်းကြောင်းမြောက်များစွာကိုရေးဆွဲထားပြီး ဘယ်ဟာကမြေပုံမှန်းမသိ။
"အဲ့ဟာလား။လူတွေအများကြီးကိုဆွဲဆောင်ထားတဲ့ဟာ"
"အင်း"
"သူကဘာမို့လို့လဲ"
ဥဒေါင်းသျှင်တကယ်မသိ။
"အခုလက်ရှိနာမည်ကြီးနေတဲ့ G5ကိုသိလား"
"ပန်းမူးယစ်ဆေးဆိုတာလား"
"အင်း"
"အဲ့ဒီG5က white gold ကိုတုပထားတာဘဲ။ဘုရင်ကြီးမသေခင်တုန်းက သူကိုယ်တိုင်ဖော်စပ်ခဲ့တဲ့ မူးယစ်ဆေးနာမည်က white gold ။သူကG5ထက် သာယာမှု 10ဆမြန်ပြီး နတ်ပြည်ပေါ်ကနေမဆင်းနိုင်အောင်ဘဲတဲ့။ အရမ်းကိုကြိုက်ကြပြီး တစ်ကမ္ဘာလုံးနီးပါးကို လွမ်းမိုးသွားခဲ့တာ။"