Uni...
(Ficပါအကြောင်းအရာများကစာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်ဆိုတာကလည်း ficေရှ့ဆက်နိုင်ဖို့ထည့်ရေးထားတာမို့ တိုက်ဆိုင်မှုတွေရှိသော်ခွင့်လွတ်ပေးပါ။🙇)
..........
။။။။။။။တစ်ချိန်က အရှေ့တောင်အာရှတစ်ခုလုံးနီးပါးကို လွမ်းမိုးခြယ်လှယ်ခဲ့တဲ့ မူးယစ်ရာဇာဘုရင်ကြီး Zarx ရဲ့ 10နှစ်မြောက်နှစ်ပတ်လည်။
ကြီးမားထည်ဝါတဲ့တောင်ကုန်းကြီးပေါ်မှာ အရမ်းခမ်းနားတဲ စံအိမ်ကြီးတစ်လုံးရှိပြီး အခုချိန်မှာ တန်ဖိုးကြီးကားပေါင်းများစွာက ထိုစံအိမ်ကြီးကို ဝင်ထွက်နေကြသည်။
ထိုကားတွေထဲမှာမှ တန်ဖိုးနည်းကားဖြူလေးတစ်စီးညပ်ပါလာကာ ကားပါကင်နေရာမှာ ထိုးပြီးဆင်းလာကြသည်။
"ငါအပေါက်ဝမှာ မင်းသမီး ပန်းပျိုးနွယ်ကိုတွေ့ခဲ့တယ်ကွ"
ကားပေါ်ကဆင်းဆင်းချင်း လွမ်းဝသုန်ခန့်ပါးစပ်ကထွက်လာတာကတော့ ထုံးစံအတိုင်း မိန်းမအကြောင်းပါဘဲ။
ခါနွေရိပ်ကတော့ သော့ကိုသိမ်းပြီး ဟိုကောင်ကိုနားရင်းသွားအုပ်လေတယ်။
"ငါတစ်ခါမှ ဘုရင်ကြီးနှစ်ပတ်လည်ကိုလာရမယ်လို့ အိမ်မက်တောင်မမက်ဖူးဘူး"
ဥဒေါင်းကပြောတော့ နွေရိပ်ကရယ်လိုက်ကာ
"မင်းသူငယ်ချင်းကဘယ်သူမို့လို့လဲ။ငါအဖေက ဆောက်လုပ်ရေးဝန်ကြီးပါကွ "
နွေရိပ်အပြောမှာ ဥဒေါင်းသဘောကျစွာရယ်လိုက်တော့သည်။
တကယ်တော့ နွေရိပ်ကလည်း ဖိတ်စာကိုသူ့ဖေဖေဆီကခိုးလာတာဖြစ်သည်။
ဥဒေါင်းက အိမ်မက်ထဲမှာ အမြဲမြင်ခဲ့ရတဲ့ ဖိုးဖိုးကြီးရဲ့ပုံကိုတစ်ခါတော့ကြည့်ချင်မိ၍ နွေရိပ်ကိုပြောပြလိုက်မိတာ သူကတော့ သူ့ဖေဖေဒုတ်ကောက်မှမကြောက် ဖိတ်စာကြီးခိုးလာသည်လေ။
ဥဒေါင်းတို့သူငယ်ချင်း၃ယောက် ခန်းမထဲကိုဝင်ကြတော့ ကြွယ်ဝခြင်းကဘာလဲဆိုတာ ကိုတိတ်ိကျကျသိလိုက်ရ၏။
သူလေလံပွဲတွေမှာဘဲမြင်ဖူးတဲ့ တန်ဖိုးကြီး အသုံးအဆောင်တွေက ဒီအိမ်ကြီးမှာတော့ ပေါပေါပဲပဲသာ။ ဝင်းလက်တောက်ပနေပြီး ဖြိူးဖြုးဖျတ်ဖျတ်လင်းလက်နေတဲ့ အိမ်ကြီးကိုကြည့်ခြင်းဖြင့် ဒီအိမ်သခင်က ဘယ်လောက်တောင်ချမ်းသာကြွယ်ဝသလဲဆိုတာကို သိရလိမ့်မည်။