(Warning ⚠️....)
Uni...
သူဆီကိုဖားပျံလို ခုန်ပျံလာတဲ့လူကိုဖမ်းကိုင်ရင်း ငုံ့ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်။
"မြန်မြန်ဖွင့်"
သူ့လက်ထဲက keycardကိုထိုးပြရင်း မြန်မြန်ဖွင့်ခိုင်းနေသူကသူ့ကိုပင်မော့မကြည့်လာ။
အနောက်ကိုကြည့်လိုက်တော့ ဒီအိမ်ရဲ့ယင်မဲအုပ်လိုက်ကြီး။သူတို့လိုချင်တဲ့ကောင်လေးက သူ့လက်ထဲမှာမို့ ရပ်ကာစောင့်နေကြသည်။
ဘုန်းစက်လည်းသိချင်သွား၍ တံခါးကိုဖွင့်ကာ ကောင်လေးကိုအထဲသွင်းလိုက်သည်။
ဥဒေါင်းတစ်ဒုတ်ဒုတ်ခုန်နေတဲ့ရင်ဘတ်ကို ဖိရင်းလေအဝရှုနေရသည်။နည်းနည်းသက်သာလာတော့မှ သူ့ဘေးကဖိနပ်တစ်ရံကိုသတိထားမိသည်။
မော့ကြည့်လိုက်တော့ သူ့ကိုဘယ်အချိန်ကတည်းကစိုက်ကြည့်နေမှန်းမသိတဲ့ ရွှေရောင်မျက်ဝန်းတစ်စုံ။
"ဘုန်းဘုန်းဘုန်း..."
"ဘုန်းစက်ကျော့ရှင်"
ဥဒေါင်းစကားထစ်နေတာကို မျက်ခုံးတစ်ဖက်ပင့်ပြီး တစ်လုံးချင်းပြောလာသူရဲ့အသံက ခပ်အောအော။
"အထဲအထဲဝင်ခွင့်ပေးလို့ကျေးဇူးပါဗျ"
၉၀ဒီဂရီစောင်းကာ ခေါင်းငုံ့ကျေးဇူးတင်တော့ တစ်ဖက်ကရယ်သံသဲ့သဲ့ထွက်လာသည်။
"အွန်"
"မင်းနာမည်က"
"ဥဒေါင်းသျှင်"
ဘုန်းစက်တစ်ကိုယ်လုံးကိုအသေအချာကြည့်လိုက်ရင်း အခန်းထဲဝင်သွားကာ အကျ..ကိုချွတ်လိုက်သည်။
ဥဒေါင်းသျှင်ကတော့ ဘုန်းစကိနောက်ကိုတစ်ကုပ်ကုပ်လိုက်ကာ ကြည့်နေသည်။
"မင်းငြိမ်ငြိမ်လေးမထိုင်တတ်ဘူးလား"
"ထိုင်တတ်တယ်"
"သွားထိုင်"
ဥဒေါင်းလည်းဆိုဖာပေါ်သွားထိုင်ပြီး ရှေ့ကနာမည်ကြီးကို ကြည့်ရင်း တွေးလိုက်သည်။
တော်တော်ချောတာဘဲလို့။
ဥဒေါင်းထွက်မပြေးတာက တံခါးကိုပိတ်လိုက်တော့ထိုလူချောက lockပါခပ်လိုက်သည်လေ။သူထွက်ချင်ရငိတောင်ထွက်မရဘူး။အဲ့ဆိုတော့အိမ်ရှင်မျက်စိမနောက်အောင် နေရမှာပေါ့။