** Ch 3 **

82 12 0
                                    

Unicode:

Chapter (3)
--------

ရှောင်ထန်ချိုး အိမ်ပြန်ရောက်လာချိန်မှာတော့ ညဉ့်နက်နေခဲ့ပြီ။ 24 နာရီစတိုးဆိုင်ကနေ ဘီယာတစ်ဖာသယ်ခဲ့ကာ ကွန်ပျူတာဖွင့်လိုက်ပြီး သောက်ရင်းနဲ့ကြည့်ဖို့အတွက် ဟာသရုပ်ရှင်တစ်ကားရှာရန် ပြင်လိုက်သည်။

ကွန်ပျူတာဖွင့်လိုက်ချိန်မှာပဲ အရာအားလုံးက အလိုအလျောက် အွန်လိုင်းဖြစ်သွားကာ စကားပြောခန်းတစ်ခုက ဘွားခနဲပေါ်ထွက်လာခဲ့၏။

အာတာပူစီ : ချိုချဉ်လုံးလေး! မြန်မြန်! ငါနဲ့ stream ဖို့လာခဲ့!

ချိုချဉ်လုံးလေး : ဒီနေ့တော့ စိတ်မပါဘူး

အာတာပူစီ : မင်း စိတ်မပါမှန်းသိတာပေါ့၊ ဒါပေမယ့် မင်းကိုယ်မင်း အာရုံပျံ့အောင်လုပ်ဖို့ တစ်ခုခုလိုအပ်‌နေတယ်လေ

ရှောင်ထန်ချိုး တုံ့ဆိုင်းသွားခဲ့သည်။ အာတာပူစီပြောတဲ့စကားက အမှန်ပဲဆိုတာတော့ သူ ဝန်ခံရမည်။ အရင်က နှစ်တိုင်းဒီလိုအချိန်ဆိုရင် အုတ်ဂူဆီသွားလည်ပြီးချိန်တိုင်း သူ့ကိုယ်သူထုံထိုင်းသွားအောင် ဘီယာသောက်ရင်း ဟာသရုပ်ရှင်ကြည့်လိမ့်မည်။ သို့သော် အမှန်တကယ်လက်လွှတ်ဖို့ရာအတွက် အရင်ကနဲ့မတူတဲ့တစ်စုံတစ်ခုကို တကယ်ပဲလုပ်သင့်တာ ဖြစ်နိုင်သည်။

ချိုချဉ်လုံးလေး : မင်းတစ်ယောက်တည်း live stream လုပ်ရမှာကြောက်လို့ တစ်ယောက်ယောက်ကို မင်းနဲ့အတူဆွဲခေါ်နေတာလို့ ထင်တာပဲ

အာတာပူစီ : ဟီးဟီးဟီး၊ လာပါ လာပါ

ချိုချဉ်လုံးလေး : ဘာ game လဲ

အာတာပူစီ : အဲ့ဒါက ကိုယ်တိုင်လုပ် horror game လေ။ တစ်ဝက်တစ်ပျက်ပဲပြီးသေးတဲ့ထုတ်ကုန်လို့ ပြောလို့ရတယ်။ software ဖန်တီးတဲ့သူက သူရဲ့ကိုယ်ပိုင် website မှာ ပို့စ်တင်ခဲ့တာ။ မင်းကို လင့်ပို့ပေးလိုက်မယ်။ ဂိမ်းဆော့သူဆာဗာကို ဒေါင်းလုတ်သွားဆွဲလိုက်၊ မှတ်ပုံတင်ပြီးသွားရင် လူတစ်ယောက််ထက်ပိုဆော့လို့ရတဲ့ mode ကိုရွေး။ ငါတို့တွေ အသင်းဖွဲ့ပြီးသွားရင် ဂိမ်းထဲကို အတူဝင်လို့ရပြီ။

ချိုချဉ်လုံးလေး : ဂိမ်းဆော့သူဆာဗာနဲ့ ကိုယ်တိုင်လုပ်ဂိမ်းလား? ထူးခြားတာပဲ?

🎃 တိုက်ရိုက်ထုတ်လွှင့်ခြင်းဂိမ်း 👣Where stories live. Discover now