** Ch 17 **

34 8 1
                                    

Unicode:

ဒီကျောက်စိမ်းဆွဲပြားက ဘယ်ကထွက်လာတာလဲ ?!


ရှောင်ထန်ချိုး အလန့်တကြား ထခုန်လိုက်ရင်း ကျောက်စိမ်းဆွဲပြားက တုန်ယင်နေတဲ့ သူ့လက်ထဲကနေ နောက်တစ်ကြိမ်ထွက်ကျသွားပြန်ကာ မာကျောတဲ့မျက်နှာပြင်နဲ့ ထိမိသွားပြီး ကြွပ်ဆတ်တဲ့အသံတစ်ခု ထွက်လာခဲ့၏။


သူ့ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်း ထသွားခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ရဲ့လှုပ်ရှားမှုတိုင်းကို နောက်ကွယ်ကစောင့်ကြည့်နေသလိုမျိုး ခံစားလိုက်ရသည်။ တစ်စုံတစ်ရာကို မြင်တွေ့ရဖို့မျှော်လင့်ရင်း သူ့ခေါင်းကို ချက်ချင်းလှည့်ကြည့်လိုက်ပေမယ့် သူတွေ့လိုက်ရတာကတော့ ဆေးတွေကွာကျနေတဲ့ ဗလာသက်သက် နံရံကိုသာ။


" ဘာလား?! မင်းက ကျောက်စိမ်းဆွဲပြားကိုတောင် လုလာခဲ့တာလား?! "


ရှောင်ထန်ချိုးနဲ့စာရင် ထန်းမျန်မျန်က အများကြီးပိုပြီး အကောင်းမြင်လေသည်။


" ဒါ ဇာတ်ကြောင်းနဲ့ဆိုင်တဲ့ အရေးကြီးပစ္စည်းပဲ ဖြစ်ရမယ်! အဲ့ဒါက ဇာတ်ကြောင်းကို အသက်သွင်းတဲ့ item တွေထဲက တစ်ခုနေမှာ! "


" ဟုတ်တယ်ထင်တယ်..... "


ရှောင်ထန်ချိုး ခဏမျှတန့်သွားပြီးနောက် အကူအညီမဲ့စွာ ပြုံးလိုက်သည်။


" မနက်ဖြန်ကျရင် ကျောက်စိမ်းဆွဲပြားနဲ့ဆိုင်တဲ့ သဲလွန်စတွေရှာကြမယ်။ အခုက တအားနောက်ကျနေပြီဆိုတော့ အနားယူရအောင် "


ထန်းမျန်မျန်က ဝှါးခနဲ အသံပြုကာ မျက်လုံးတွေကိုပွတ်ရင်း ပြန်ဖြေလာခဲ့၏။


" အင်း၊ ငါလည်း အရမ်းအိပ်ချင်နေပြီ။ အိပ်ကြတာပေါ့ "

🎃 တိုက်ရိုက်ထုတ်လွှင့်ခြင်းဂိမ်း 👣Where stories live. Discover now