Unicode
"မင်းကို ကိုယ်မပါတဲ့ ကိုယ့်မျက်ကွယ်မှာ အဲ့ကောင်နဲ့အရောတဝင်မနေပါနဲ့လို့ပြောထားတယ်လေ!"
အပြင်မှာ မပြေလည်သည့်ပြဿနာသည် အိမ်အထိပါ ပါလာ၏။အိမ်ထဲဝင်လာသည်နှင့် ဦးဒေးက ဝင်သည်နှင့် ဝယ်လာသည့်စားစရာတို့အား ခုံပေါ်ကိုဖြစ်သလိုပစ်တင်လိုက်ကာ သုအားလှည့်ပြောလေသည်။
"သုမှားမှန်းသုသိပါတယ်!"
ဦးဒေးစိတ်ဆိုးမယ်ဆိုလည်းဆိုးချင်စရာပင်။ပြန်ခါနီးကျမှ ဝယ်စရာရှိလို့ဆိုပြီး လင်းညီသာကသု့ကိုခေါ်သွားတာဖြစ်သည်။ဦးဒေးကလည်း သူတို့ဝယ်ထားသည့်စားစရာတွေကိုဆိုင်မှာစောင့်ယူနေတာမို့ သူထွက်သွားတာကိုမသိလိုက်ပေ။သု ဦးဒေးကိုသွားပြောဖို့လုပ်ပေမယ့် လင်းညီက ခဏလေးပဲကြာမှာမို့ ပြောမနေနဲ့ဟုဆိုကာ ဇွတ်ဆွဲခေါ်သွားခြင်း။သူတို့ပြန်လာတော့ ဦးဒေးကိုမတွေ့တော့တာမို့ လင်းညီက အိမ်ပြန်ရအောင်ဆိုတာကြောင့်ပြန်လာခဲ့လိုက်ခြင်း။သုကိုယ်တိုင်လည်းဦးဒေးကို အိမ်ပြန်ရောက်နေတယ်ဟုထင်ခဲ့တာပင်။
"ဖုန်းဆက်တော့လည်းမကိုင်ဘူး!ကိုယ်မင်းကိုဘယ်လောက်စိတ်ပူနေလဲသိလား!"
"ဖုန်းဆက်တာ သုတကယ်မသိလိုက်တာပါ!ဖုန်းကဘယ်လိုဖြစ်ပြီး အသံပိတ်ထားမိလဲမသိဘူး!"
"အသံပိတ်တာမပိတ်တာထက် အစထဲကကို မင်းသူနဲ့လိုက်မသွားသင့်တာ!ကိုယ် မင်းကိုသူနဲ့လုံးဝစိတ်မချတာပါလို့လည်း ကိုယ်ပြောထားရက်နဲ့!"
"ဦးဒေး ဘာလို့ လင်းညီကိုအဲ့လောက်ကြည့်မရတာလဲ ယင်းယာစဥ်းစားလို့ကိုမရဘူး!"
"ကြည့်မရတာမဟုတ်ဘူး!မကြည့်ချင်တာ!"
"ဘာကြောင့်လဲ?"
"ဟားးးးး!"
သုစကားကြောင့် ဦးဒေးစိတ်ပျက်သွားသလို ဆံပင်တွေတစ်ချက်သပ်ရင်း ခါးထောက်ကာ သု့ကိုစိုက်ကြည့်လိုက်၏။
"သဘောမကျတာ မကြိုက်လို့လေ ကိုယ်က ထပ်ရှင်းပြနေရအုန်းမှာလား!"
"ရှင်းပြသင့်ရင်တော့ ရှင်းပြရမှာပဲ!ဦးဒေး မမြင်ချင်ဘူး မပတ်သတ်နဲ့ပြောနေတဲ့သူက သုရဲ့သူငယ်ချင်းအရင်းကြီးနော်...၊ဦးဒေးမှာရော အချစ်ဆုံးသူငယ်ချင်းမရှိခဲ့ဖူးလို့လား"
YOU ARE READING
Two Worlds [Complete]