Chapter 137

1.1K 139 0
                                    

Unicode


'ကိုယ်တို့' ဟုပြောသောအခါ လော့ချယ်သည် ၎င်းကို လေယူလေသိမ်းတစ်ခုဖြင့် တမင်တကာ ပြောခဲ့သည်။
အနာဂတ်လမ်းသည် သူတစ်ယောက်တည်း လျှောက်ရန်မဟုတ်တော့ချေ။

အနာဂတ်မှာ မည်သည့်အရာပဲဖြစ်နေပါစေ သူ လွယ်လွယ်ကူကူဖြင့် လွှတ်ပေးတော့မည်မဟုတ်ပါချေ။

ကုမျန်သည် မျက်တောင်ခတ်၍ လော့ချယ်၏ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီးနောက် "အင်တာနက်သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုကို ကြည့်ရအောင်လေ"

ထိုစကားနှင့်အတူ ကူမျန်သည် သူမ၏ Weibo ကို ဖွင့်လိုက်၏။

တစ်နာရီ၏လေးပုံတစ်ပုံအတွင်းမှာပင် လော့ချယ်၏ Weibo တွင် မှတ်ချက်ပေါင်း 300,000 ရှိခဲ့ပြီး သူမ၏ Weibo တွင်တော့ မှတ်ချက်ပေါင်း 200,000 ရှိခဲ့သည်။

ကုမျန်က သူတို့ပြောထားသည်များကို ရှင်းရှင်းလင်းလင်းတွေ့ရရန် မှတ်ချက်ကဏ္ဍကို ဖွင့်လိုက်ချင်သော်လည်း လော့ချယ်က သူမ၏ဖုန်းကို အဝေးဖယ်လိုက်သည် ။ "အဲဒါကို မကြည့်နဲ့တော့ ကိုယ့်တို့ရဲ့ဆက်ဆံရေးကို တခြားသူတွေ ဘယ်လိုထင်နေလဲဆိုတာ အရေးမကြီးဘူးလေ"

အင်တာနက်ပေါ်ရှိ မက်ဆေ့ချ်များသည် သိပ်ကောင်းလောက်မည်မဟုတ်ပေ။ ရယ်မောလှောင်ပြောင်မှုများက ကောင်းချီးထက် ပို၍များပြားပေလိမ့်မည်။ လော့ချယ်သည် မှတ်ချက်များဖတ်လိုက်ခြင်းက သူမ၏စိတ်ခံစားချက်ကို သက်ရောက်သွားမှာစိုးသည်။

ကုမျန်သည် စိတ်ထားကောင်းသော်လည်း လူများ၏ စိတ်နှလုံးသည် အမြဲလိုလိုနူးညံ့လေ့ရှိပြီး ကျောက်တုံးနှင့် ပြုလုပ်ထားခြင်းမဟုတ်ပေ။ ဆိုးရွားသည့်မှတ်ချက်များစွာကို သူမမြင်သွားလျှင် မည်သို့လျစ်လျူရှုထားနိုင်မည်နည်း။

ကုမျန်က အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

သူမသည် အခြားသူများ၏ထင်မြင်ချက်ကို ဂရုမစိုက်သော်လည်း အနည်းငယ်သိချင်စိတ် ဖြစ်မိသည်။ လော့ချယ်က မကြည့်နှင့်ဟု ပြောသည့်အတွက် လျစ်လျူရှုလိုက်ရုံပင်။
မည်သို့ပင်ဆိုစေကာမူ မကြည့်ရခြင်း၏ အကျိုးသက်ရောက်မှုသည် သိပ်ကြီးမားမည်မဟုတ်ပေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now