သူစေလိုရာမိုးပြေးသည်
Episode 3သူမအတော်ကြာအောင် အိပ်ပျော်သွားပြီး နိုးလာချိန်မှာ ညနေ ၄:၀၀ ထိုးနေပြီဖြစ်သည်။ ကုလားထိုင်ပေါ် လက်ပြန်လက်ထိပ် ခတ်ရက်သား ကြီး အိပ်ပျော်သွားသည်မို့ ခင်မိုးပြေးကိုယ်တွေလက်တွေ ညောင်းကိုက် နေသည်။ လက်ထိပ်မှာပါတဲ့မောင်းတံလေးတွေကိုဖိပြီး လက်ထိပ်ကို ဖြုတ်လိုက်သည်။ လက်ကောက်ဝတ်မှာ အရာလေးတွေပါထင်နေသည်။
သူမဝတ်ထားသည့် ရင်ခံနဲ့ ဗလာထဘီကိုချွတ်လိုက်သည်။ ဗလာထဘီက အကွက်လိုက်စိုနေသဖြင့် လျှော်မှရတော့မည်ဟုတွေးကာ လျှော်မည့်အပုံထဲထည့်လိုက်သည်။ သူ့ရဲ့ sex toy လေးတွေကိုလည်း သေချာပြန် သိမ်းပြီး တေဇလက်ဆောင်ပေးတဲ့ လက်ထိပ်ဘူးလေးကိုပါ အဲ့တာတွေနဲ့ အတူရောသိမ်းလိုက်သည်။
ပြီးတော့ သူမဝတ်နေကျအတိုင်း ရင်ဖုံးအင်္ကျီတစ်ထည်နှင့် ထဘီတစ်ထည်ကို ဝတ်ဆင်ပြီးသူမတို့ဖွင့်ထားသည့် Store ဆိုင်သို့သွားကြည့်ရန် သူမရဲ့ ကားလေးကိုမောင်းပြီး အိမ်ကနေထွက်လာခဲ့သည်။ ဆိုင်ရှေ့ကား ပါကင်ထိုးရုံရှိသေး ဖုန်းတစ်လုံးဝင်လာသည်။ ဖုန်းက Contact မှတ်ထား ခြင်းမရှိသည့် ဖုန်းစိမ်းတစ်လုံးဖြစ်သည်။
"ဟယ်လို"
"ဟယ်လို... မခင်မိုးပြေးလား"
တစ်ဖက်က ကြားလိုက်ရတဲ့ အသံကြောင့် ခင်မိုးပြေး မျက်မှောင်ကျုံ့သွား သည်။
"ကိုတေဇ ရှင်ကျမဖုန်း ဘယ်ကရတာလဲ"
"ဒီခေတ်မှာ မိန်းကလေးတစ်ယောက်ရဲ့ ဖုန်းကို စုံစမ်းရတာမခတ်ပါဘူး"
"ကဲ.... ပြောပါဦး။ ဘာကိစ္စရှိလို့လဲ"
"အင်းးးး။ မင်းကိုယ်ပေးတဲ့ လက်ဆောင်လေး သဘောကျလားသိချင်လို့လေ"
တေဇရဲ့စကားနဲ့အတူ ခင်မိုးပြေးစိတ်ထဲမှာ လက်ထိပ်လေးတစ်စုံကို မျက်လုံးထဲပြေးမြင်လာသည်။
"ကျွန်မဖွင့်မကြည့်ရသေးဘူး"
"ဟုတ်လား။ ကိုယ်ကတော့ မင်း အသုံးပြုပြီးပြီလို့တောင် ထင်တယ်"
သူမစိတ်ကိုဖောက်မြင်နေရသလိုပြောလိုက်တဲ့ တေဇကြောင် ခင်မိုးပြေး ရှက်သလိုဖြစ်သွားသည်။ တကယ်လည်း သူမအဲ့တာကို သုံပြီးပြီလေ"