ANeung's POV
၁၆နှစ်တောင် ရှိသွားပြီနော် ဒေါ်လေး။
နွန်တို့ချင်း အသက်ကွာတာကလည်း ၁၆နှစ်ပဲလေ။အခု နွန်က နွန် ဘွဲ့ယူတဲ့နေ့က ဒေါ်လေးနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံကို ရပ်ကြည့်နေတာလေ။
အချိန်တွေက မြန်လိုက်တာနော်။
အဲတုန်းက အခမ်းအနားနေ့ကြီးမှာ နွန်က ဂျပန်ကြိုးချည်နည်း အကြောင်း ပြောလို့ ဒေါ်လေး ရှက်သွားတာကို နွန် မှတ်မိသေးတယ်။အဲနေ့ကစပြီး နွန် ဒေါ်လေးနဲ့အတူ ဒေါ်လေးနန်းဆောင်မှာ ပြောင်းနေခွင့် ရခဲ့တာပဲ။ ဘွဲ့ရလို့ ပျော်တာက နည်းနည်း၊ ဒေါ်လေးနဲ့ တစ်အိမ်တည်း နေရတော့မှာမို့ ပျော်တာက များများ ဖြစ်ခဲ့တာ။
*****
အခု နွန် ပြောတဲ့ ၁၆နှစ်ကတော့ ... ဒီလောကကြီးအလယ် နွန့်ကို တစ်ယောက်တည်း ဒေါ်လေးနွန် ထားသွားတာ ကြာပြီဖြစ်တဲ့ ၁၆နှစ်ပေါ့။
နွန် သိပါတယ်။
ဒေါ်လေး နွန့်ကို အရမ်းချစ်မှန်း။
ရှောင်လွှဲလို့မရတဲ့ သဘာဝတရားကြောင့်သာ ဒေါ်လေး နွန့်ကို ထားသွားရတာမှန်း။၁၆နှစ်တောင် ကြာသွားပြီပဲ။
နွန် မငိုတော့ပါဘူး။ဒါပေမယ့်လည်း ဒေါ်လေးရယ် ...
နွန် ပြောသလိုပဲ ...
၁၆နှစ်တောင် ကြာသွားပြီ ဆိုတဲ့အတိုင်း အဲ၁၆နှစ်ကို ဖြတ်သန်းရတာ အရမ်း ကြာ နေတာ။နွန်လည်းနော် ...
အချိန်တွေက မြန်လိုက်တာ ပြောလိုက်၊ ကြာလိုက်တာ ပြောလိုက်နဲ့ ... ဒေါ်လေးသာ ရှိရင် နွန့်ကို ဘာတွေ ပြောနေလဲ မသိဘူး ဆိုပြီး ငေါက်ဦးမှာ သေချာတယ်။