Khun Neung's POV
"နွန်"
"hmm"
"ဒေါ်လေးကို ချစ်လား"
"ဟင် ဘာလို့လဲ"
"နွန်တောင် ပြောင်းလဲလာပြီနော်။ မေးတာကို တန်းမဖြေတော့ဘူး"
"ချစ်တာပေါ့လို့။ နွန် ဒေါ်လေးကို အရမ်းချစ်တာ"
"တကယ်လား"
"တကယ်ပေါ့ ... ဒါနဲ့ ဒေါ်လေးက ရုတ်တရက်ကြီး ဘာလို့ မေးတာလဲဟင်"
"ဒီတိုင်း မေးကြည့်တာလေ။ မရဘူးလား"
"ရပါတယ်။ ပုံမှန်ဆို နွန်ကပဲ မေးတတ်တော့ ... အခု ဒေါ်လေး မေးလာတော့ ထူးဆန်းလို့လေ"
"နွန် မပျင်းဘူးလား"
"ဟိုး ... ဒေါ်လေးက ပျင်းလို့လား။ နွန်တို့တွေ ရန်ဖြစ်ရမယ် ထင်တယ်။ ဘယ်သူက ပျင်းမှာလဲလို့"
"ဒီတိုင်း သိချင်လို့လေ"
"ဒေါ်လေးက ဒီအချိန်ဆို စကားများပြီနော်"
"တော်တော့ ... အိပ်ကြရအောင်"*****
ကျွန်မလည်း ကိုယ့်ကိုယ်ကို မယုံနိုင်သေးဘူး။
အားနွန်နဲ့ စတွေ့ကတည်းက အခုချိန်ထိပဲ။ အခုချိန်ထိ ဆိုတာက ဘယ်အချိန်လဲ မေးရင်တော့ ကျွန်မ မဖြေချင်ဘူး။ အားနွန်လေး အရမ်း ဝမ်းနည်းနေရလို့လေ။
ကျွန်မ တစ်ကိုယ်ကောင်း မဆန်ချင်ပါဘူး။ ဘယ်လိုမဆို ကျွန်မက ဘဝကို အားနွန်ထက် ၁၆နှစ် ပိုပြီး ရှင်သန်ခဲ့တာလေ။ ကျွန်မ သေတာနဲ့ သူ မနေရဘူး ဆိုပြီးတော့ အတ္တမကြီးချင်ပါဘူး။ ဒါပေမယ့် အားနွန်လေးက ကျွန်မ မရှိတဲ့အချိန်က စပြီး ဝမ်းနည်းနေတော့တာပဲ။ တကယ်ဆို သူ့ကို ဘဝမှာ တစ်ယောက်တည်း ပျော်စေချင်သေးတာ။ ကျွန်မတုန်းကလည်း နန်းဆောင်ကနေ ထွက်ပြီး ရုန်းကန်ခဲ့သေးတာပဲ။ အခုက အားနွန်မှာ ဘာစိတ်ပူစရာမှလည်း မရှိပါဘူး။