" ဗျို့.... လူလေးလရောင် မထသေးဘူးလားကွဲ..နေမြင့်နေပြီ..."" အမေ ကလဲဗျာမထချင်သေးပါဘူး.... စောပါသေးတယ်..."
" မစောတော့ဘူး သားငယ်လေးရဲ့...ရွာဉီးကျောင်းက အုန်းမောင်းခေါက်နေပြီကွဲ့"
မနတ်အစောကြီးနှိုးနေတဲ့အမေ့ကြောင့်မထချင်ဘဲထလာရတာကြောင့်မျက်လုံးကမပွင့်
" အမေတို့ကလဲ နေတောင်ကအခုမှထွက်ယုံရှိသေးတာကို နှိုးနေပြီတကယ်ဘဲ မထချင်ပါဘူးဆို..."
" ဟဲ့.... လရောင်.... နေကမထွက်ပင်မယ့် အချိန်တန်ရင်ပြန်ဝင်တယ်ပြန်ထွက်တယ် ...ငါတို့ကနေမထွက်ခင်အလုပ်လုပ်ပြီးနေဝင်မှအလုပ်သိမ်းရတာစောစောထမှရမှာပေါ့..."
" အမေတို့ကလဲစီးပွားရေးသောင်းကျန်းလိုက်တာ ဘာအလုပ်မှမလုပ်ဘဲထိုင်စားနေရင်တောင် ၁၀သက်လောက်စားလို့ရတာကို.."
" အလုပ်ဆိုတာလုပ်ရမယ် မဟုတ်ရင် ငတ်သေးမယ် "
အမေ့နဲ့လဲဆက်မပြေားချင်လို့ ရွာထဲသွားမယ်အလုပ်
" ဒါကဘယ်လဲ မနတ်စားမစားဘဲဘယ်ကိုသဝွေထိုးမလို့လဲ အခုလာ စားပြီးမှသွား "
ဘားမှလဲမပြေားချင်တာကြောင့် ထမင်ဝိုင်းသို့သာလာခဲ့လိုက်တယ်...
" အမေ့ဒါက....."
" မနတ်စာလေ ကောက်ညင်းပေါင်းနဲ့ပဲပြုတ် ဒီပဲပြုတ်ကဝယ်တာမဟုတ်ဘူးနင့်အမကိုယ်တိုင်အစောကြီးထပြုတ်ထားတာစား "
" ဒါနဲ့အမကော မတွေ့ပါလား "
" နင့်အမကနင့်ဘဘုန်ကြီးကျောင်းကိုသွားတယ် နင့်ကိုလဲနှိုးရင်လွတ်လိုက်ပါတဲ့ပြေားစရာရှိလို့တဲ့..."
" ဟုတ်... "
" စားပြီးသောက်ပြီးတာနဲ့ ဘုန်ကြီးကျောင်းသို့သာထွက်လာခဲ့တယ်..."
ရွာလေးကမြို့နဲ့လဲအလှမ်းဝေးတာကြောင့် သိပ့်မတိုးတက်တဲ့ ရွာလေး ပေါ့ ဘယ်နေရာကြည့်ကြည့်စိမ်းလန်းနေတဲ့လယ်ကွင်းတွေ ကောက်စိုက်နေတဲ့ လယ်သမ လေးတွေ ထွားထွားကြိုင်းကြိုင်းနဲ့ လယ်ထွန်နေတဲ့ဉီးလေးကြီးတွေ ဒီသာယာတဲ့ရွာလေးကအရမ်းကိုအပူပင်ကင်းနေတယ်