အဖေပြောခဲ့တဲ့ပျော်ရွှင်မှုကိုရှာဖွေ ပါဆိုတာ ဒါကြီးလား......." အမေ့ သမီးလဲမသိရပါလား နောက်ပြီးတော့...."
" တိတ်စမ်း လူကြီးတွေကကောင်းမယ်ထင်လို့စီစဉ်တာကိုငြင်းချင်သေးတာလားဟမ်..."
" ဒေါ်လေးနွယ် ကျွန်တော်လဲသိပ့်တော့သဘောမကျဘူးဗျ...."
" ဘာလို့လဲလူလေးရဲ့ရွှေရောင်လေးကမလှလို့လား....."
" အလိုမျိုးပြောတာ မဟုတ်ပါဘူး....ကျွန်တော်ပြောချင်တာက အခုခေတ်ကလူကြီးတွေပေးစားလို့ယူရမယ်ဆိုတဲ့ခေတ်လဲမဟုတ်တော့ဘူးလေ.....ဒီကမရွှေရောင်ကလဲသဘောမတူဘူးဆိုတော့...... မလုပ်သင့်ဘူးထင်လို့ပါ...."
" အလိုတော့မရဘူးထင်တယ် လူလေးရဲ့...လူလေးအဖေက ဒေါ်လေးတို့မိသားစုနဲ့ထားခဲ့ချင်တာတဲ့ ဟိုးအရင်ထဲကပြောထားဆိုထားကြတာကွဲ့...."
" ဟုလား ဒီလိုဆိုရင်တော့........"
ပြောနေတာကိုဆက်မပြောဘဲ စဉ်စားနေတဲ့ လူလေးရောင်နီကြောင့် ဒေါ်လေးနွယ်တို့တစ်မိသားစုလုံးစောင့်ကြည့်နေရဲ့....
" ....ကျွန်တော်ပြောလို့မကောင်းဘူးထင်တယ်....."
" အို ပြောပါလူလေးရယ် ဘာအကြံစည်များရှိလို့လဲကွဲ့...."
" ကျွန်တော်တစ်ခုလောက်ခွင့်တောင်းလို့ရမလား..."
" ပြောလေးလူလေးရဲ့ ဒေါ်လေးတို့လုပ်ပေးနိုင်တာဆိုလုပ်ပေးမှာပေါ့ကွဲ့ "
" ကျွန်တော်ဒီမှာနေလို့ရမလား....."
" လူလေးကဘယ်လောက်ထိနေချင်လဲပြေား..."
" တစ်သက်လုံး....."
" ဟေ....ဟယ်..."
တစ်မိသားစုလုံးစီမှအာမေဋိတ်သံများထွက်ပေါ်လာခဲ့တယ်
" ရတာပေါ့လူလေးရဲ့ ဒေါ်လေးတို့အိမ်မှာဘဲနေမလား...ဒါမှမဟုတ်ကိုယ်ပိုင်ခြံဝန်းလေးနဲ့နေချင်လား..."
" အခုတော့ဒေါ်လေးတို့နဲ့နေမယ်လေ...ဒေါ်လေးနွယ်တို့ပြောသလို ဒေါ်လေးနွယ်တို့နဲ့မိသားစုဖြစ်သွားရင်တော့ကျွန်တော်ရဲ့အိမ်ထောင်ဖက်နဲ့နေမယ့်ခြံဝန်းလေး ကြိုဝယ်ထားချင်လို့ပါ..."