" ရောက်ကြပြီလားကွဲ့ ဒေါ်လေးက ဒီထပ်တောင်နောက်ကျမယ်ထင်တာ...."
" ဟုတ်ကဲ့......."
ရောက်ရောက်ချင်းလှမ်းနှုတ်ဆက်တာက ဒေါ်လေးနွယ်ထင်တယ် ...
" ဘာစားခဲ့လဲကွဲ့ ဗိုက်စာနေရောပေါ့... ထမင်းဝိုင်းဒေါ်လေးပြင်လိုက်တော့မယ်လေ...."
" ဟုတ်ကဲ့ အားတော့နာပါရဲ့ဗျာ..."
" အို ဘာအားနာရှိလို့လဲ......သားရဲ့အဖေကတောင်ဒေါ်လေးတို့အပေါ်မှာကျေးဇူတွေအများကြီးရှိတာကွဲ့..."
" ကျွန်တော်လဲဘားမှမသိရပါလားဗျ...."
" ဒေါ်လေးပြေားပြမယ်လေ...ဒါပင်မယ့်အခုတော့ထမင်စားပြီးနားလိုက်အုံး ခရီးဝေးကလာတော့ပင်ပန်နေရောပေါ့..."
" ဟုတ်ကဲ့ဗျ...."
စားလို့ပြီးတာနဲ့.....ပြင်ပေးထားတဲ့အခန်းထဲကိုဘဲတန်းဝင်သွားလိုက်တယ်....ကားစီးလာရတော့ ခေါင်းမူးနေတာကြောင့်ခဏလေးလဲလိုက်တယ်...
" အမေ့သူကဘယ်သူလဲဟင် သမီးတို့လဲမသိပါလား..."
" သမီးကဘယ်သိမလဲ ...သမီးကငယ်ငယ်ဘဲရှိသေးတာကို..."
" ပြေားပြလေအမေရဲ့..."
သမီးကြီးရွှေရောင်စဉ်ရဲ့အမေးကြောင့် ပြေားပြရတာပေါ့
( ရွှေရောင်စဉ်က လရောင်လေးရဲ့ အစ်မပါဗျ)
" ဒီလိုသမီးရဲ့...တစ်နေ့မိုးတွေကလဲအရမ်းကိုရွာနေတာပေါ့....,သမီးတို့အဖေကလယ်ထဲကပြန်မလာသေးဘူးလေ နေတောင်ဝင်နေပြီပေါ့ကွယ် တစ်ရွာလုံးက လူတွေလဲလေတွေမိုးတွေကြောင့် အကုန်လုံးအိမ်ထဲဝင်ကြကုန်ပြီလေ သမီးတို့အဖေကတော့ပြန်မလာသေးဘူးလေ အမေလဲ စိတ်ပူလာတာကြောင့်..... သမီးအဖေကိုထွက်ရှာရတာပေါ့......ဘယ်မှာမှရှာမတွေ့ဘူးလေ...."
သမီးကြီးက စိတ်ဝင်စားစွာနဲ့နားထောင်လေရဲ့
" တစ်ညလုံးပြန်မလာခဲ့ဘူးကွဲ့......မနတ်ကျတော့...ဒီလူလေးမောင်မိုးသောက်ရောင်နီရဲ့အဖေကလာပြန်ပို့တာပေါ့....သမီးအဖေရဲ့ခြေထောက်ကဒဏ်ရာကြီးနဲ့လေ...."
" ဟုတယ်ကွဲ့.... ဒီလူလေးရဲ့အဖေသာမကူညီခဲ့ရင်အဖေ့ကို အခုလိုတောင်မြင်ရမှာမဟုတ်ဘူး....."