အပိုင်း ( 3.1)

860 119 5
                                    

(3.1)

တစ်ရေး အိပ်ရာ မှ နိုးထ လာခဲ့တဲ့ ရှဲ့ယွမ် က တော့ ကိုယ်ကို အပြင်းကျော ဆန့် လိုက်လေတယ်။

နောက်တော့ သူ့လက်ကို ဆန့်ထုတ်ကာ မျက်လုံးကို ဖြေးဖြေးချင်း ပွတ်နေ ပြီးတော့ အခု လက်ရှိ အခြေအနေ ကို တုံ့ပြန်ဖို့ အတွက် သူ့ စိတ်က စက္ကန့် အနည်းငယ် လောက် အချိန်ယူ ရ ပါသေးတယ်။

အခုတော့ သူက မိခင်ကမ္ဘာကြီး ကနေ နှင်ထုတ် ခံလိုက် ရပြီးတော့ ' ဇာ့ချ် အထီးလေး ' ဖြစ်လာ ရုံသာ မကပဲ သူအခု ရောက်ရှိနေတဲ့ စကြဝဠာ ကြီးထဲက ဘယ်နေရာ မှာလည်း ဆိုတာကို မသိတဲ့ အပြင် မိခင် ကမ္ဘာကြီး ကလည်း ဘယ်စီနေမှန်း သူ မသိဘူးလေ........။

ဆဲလ်တစ်သ် က မနက်စာ ယူပြီး ဝင်လာတဲ့ အခါ သူက နိုးနေပြီ ဖြစ်တဲ့ အထီးလေး ကို မြင်လိုက် ရ လေတယ်။ အထီးလေး က အိပ်ယာပေါ်မှာ မှုန်မှိုင်း တဲ့ မျက်နှာ ထား နဲ့ ဗလာ ဖြစ်နေတဲ့ မျက်ဝန်း တွေဖြင့် ထိုင်နေ ခဲ့လေတယ်။

သူက ထိုနေရာ ထံ လျောက်လာ ခဲ့ ပြီးတော့ မနက်စာ ကို ချပေးကာ နူးညံ့တဲ့ လေသံ ဖြင့် ပြောလိုက် လေတယ်။

'' အရှင်သခင်လေး ရှဲ့ယွမ် ဘာမှား နေလို့လဲ ။ အခု က မင်း စားသောက် ရမယ့် အချိန် ရောက်ပါပြီ ''

ရှဲ့ယွမ် က သူ့ရဲ့ အသိစိတ် တွေကို ပြန်ရ လာခဲ့ ပြီးတော့ အရပ်ရှည်တဲ့ ဇာ့ချ် အမ ကို ကြည့်လိုက် လေတယ်။

ထိုသူ ရဲ့ အမူအရာ မဲ့နေတဲ့ ရုပ်သွင် က အတော်လေး ကို ခက်ထန် ပြီးတော့ ကြောက်စရာ ကောင်းတယ် ဆိုပေမယ့် လည်းပဲ အနီးကပ် သေချာ ကြည့် တဲ့ အခါ မျက်ဝန်း တွေ ထဲမှာ နူးညံ့ မှုတွေ ပြည့်နေတာ ကို တွေ့ရ မှာပါ။ ရွှေရောင် ဒေါက်လိုက် မျက်စံ တစ်စုံ က နေရောင် အောက်မှာ အရည်ပျော် ကျ နေတဲ့ ပျားရည်လေး တွေ လိုပါပဲ။

ရှဲ့ယွမ် ရဲ့ မှုန်မှိုင်း နေတဲ့ စိတ်အခြေအနေ က ချက်ချင်း ဆိုသလို ကုသ ခြင်း ခံလိုက် ရ ပါတယ်။

မေ့လိုက်ပါ တော့မယ်လေ။

တကယ်လို့ သူ သာ ဒီနေရာ ကို ရောက်ရှိ မလာခဲ့ ဘူးဆိုရင် အဲ့လောက် ပြင်းထန် လွန်းတဲ့ ဒဏ်ရာ တွေကြောင့် သူလည်း အသက် ဆက်ပြီး ရှင်နိုင်တော့ မှာမှ မဟုတ်တာလေ။ သူ့ အရှေ့က ဇာ့ချ်အမ က သူ့ကို ဘဝ အသစ် တစ်ခု ပေးခဲ့တာ ပဲလေ။

ဇာ့ချ်အုပ်စုထဲမှဆန်ပျော့စားသူအငိုသန်လေး [BL]Where stories live. Discover now