အပိုင်း (1.1)

1.1K 137 11
                                    

(1.1)

'' သတိထား! !''

'' ဘန်း _______''

ထို အသံက ကား တစ်စီး ထံမှ ဝင်တိုက် ခံလိုက် ရတဲ့ နေရာ ကနေ ထွက်ပေါ် လာတာ ဖြစ်ပြီး ဘေးနားမှ လူအုပ်ကြီး ကလည်း အော်ဟစ် လို​က်တာ ပဲ ဖြစ်တယ်။ ကလေးတွေက အော်ဟစ် ငိုယိုနေပြီးတော့ ယာဥ်အမျိုးမျိုး ရဲ့ ဟွန်းတီးသံ ဘရိတ်အုပ်လိုက်တဲ့ အသံ တွေကလည်း တစ်ခု ပြီး တစ်ခု ထွက်ပေါ် လို့ လာခဲ့ ပါတယ်။

ထို အခိုက်အတန့် မှာပဲ ကလေးငယ် ကို ကယ်တင် ဖို့ အတွက် ခုန်ပျံ သွားတဲ့ ရှဲ့ယွမ် တစ်ယောက် ကတော့ ထို အသံတွေကို ဆက်ပြီး မကြားနိုင်တော့ ပါချေ။ ဘာလို့လဲ ဆိုတော့ သူ့က ကံမကောင်း လို့ပါ။ ' ကံကောင်းတာ ' တစ်ခု ကတော့ သူက နေရာမှာတင် ပွဲချင်း ပြီးသွား ခဲ့တာ ပဲ ဖြစ်ပါတယ်။ သူက နာကျင်မှု တွေကို သိပ်ပြီး မခံစား ရ သေးခင်မှာ ပဲ အမှောင်ထု ကြီးထဲကို နစ်မြုပ် ကျဆင်း သွားပါတော့တယ်။

ဇာ့ချ် ပြက္ခဒိန် အရ အေးလွန်းလှသော ဆောင်းရာသီ ဝင်တဲ့ ပထမဆုံး ရက် ဖြစ်တဲ့ ကြယ်သက္ကရာဇ် ၂၉၈၁ ခုနှစ်တွင် ဇာ့ချ် တပ်ဖွဲ့ ပထမ ယူနစ် က အနားယူကာ နယ်စပ် ကနေ အဓိက ကြယ် ထံကို အနားယူ စေဖို့ အတွက် ပြန်လည် ပြောင်းရွေ့ လာခဲ့တဲ့ နေ့ပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် အနည်းငယ် တုံးက အခု အပြန် အာကာသ ယာဥ်ပေါ်မှာ ပါလာတဲ့ သူတိုင်း ​က အမိန့်ကို နာခံ ပြီး တစ်လှမ်းချင်း စီမံ ဆောင်ရွက် ခဲ့ကြရတာ ပဲ ဖြစ်လေတယ်။

'' ဗိုလ်ချုပ်ကို သတင်းပို့ပါတယ်။ အမှိုက်ကြယ် နံပါတ် ၇၄ ကို ဖြတ်ကျော် ဖို့ ချက်ချင်း ပြင်ဆင် ရမှာ မလို့ အာကာသ ခုန်ကြော်ဖို့ အတွက် ပြင်ဆင်ထား.... .....''

ဇာ့ချ် စစ်သား တစ်ယောက် က ခရီးစဥ် ဆောင်ရွက်ချက် တစ်ခုလုံးကို သတင်းပို့ တင်ပြ နေတာ ဖြစ်ပြီး အထက်လူကြီး ထံမှ အတည်ပြု မှု နဲ့ ညွှန်ကြားချက် ကို စောင့်ဆိုင်း နေခဲ့ ပါတယ်။

ရုတ်ချည်း ဆိုသလို ပဲ သူ တင်ပြလို့ မပြီးသေး ခင်မှာ တိုက်ပွဲ အတွင်း ရန်သူ့ထံကနေ ဓားဖြင့် အပိုင်းခံရ လုနီးပါးအထိ ရင်ဆိုင်ရရင်တောင် မျက်နှာ အမူအရာ တစ်ချက် မပျက် သွားတဲ့ မာရှယ်ဟာ  မျက်နှာ တစ်ခုလုံး အေးစက်နေတယ် ဆိုတာကို မြင်လိုက် ရပါတော့တယ်။ ထို အေးစက်စက် မျက်နှာပြင် ရှိတဲ့ အချိန်ဟာ နှစ်ပေါင်းများစွာ ကြာသွားပြီ ဖြစ်ပေမယ့် အခုထိ ပြိုကွဲ သွားခြင်း မရှိသေးတာကို သူ အံ့သြ မိပါတယ်။

ဇာ့ချ်အုပ်စုထဲမှဆန်ပျော့စားသူအငိုသန်လေး [BL]Where stories live. Discover now