အပိုင်း (2.1)

618 109 13
                                    

(2.1)

မသိစိတ် က အမှောင်ထုထဲကို နစ်မြုပ် နေပေမယ့်လည်း သူ့ဘေးနားမှာ တစ်ယောက် ယောက် က  ဝန်းရံ ထားတဲ့ အနွေးဓာတ် ကိုတော့ သူ ခံစား နေမိ ပါသေးတယ်။

နာကျင်မှု က တဖြေးဖြေး နဲ့ သက်သာ လာခဲ့တယ်။

ရှဲ့ယွမ် က မသိလိုက် ပါပဲနဲ့ နွေးထွေးရာ နေရာထံကို  မှီခိုလိုက် လေတယ်။ အရမ်းကို စိတ်သက်သာရာ ရသွားတယ်ရော.......။

ရုတ်တရက်ကြီး ပဲ သူ့ ဘေးနားမှာ ဆူညံသံတွေ ရှိနေတယ် လို့ ခံစား လိုက်ရ ပြီးတော့ အဲ့တာ ကြောင့် သူ့ကိုယ်သူ မထိန်းချုပ် နိုင်ပဲ ပိုပြီး နွေးထွေး တဲ့ နေရာ ထဲကို သူ့ကိုယ်သူ ပိုနက်ရှိုင်းအောင် နစ်မြုပ် လိုက် လေတယ်။

'' အမလေး ဘုရားရေ! သူက အရမ်းပဲ ချစ်ဖို့ ကောင်းလိုက်တာ။ သူ့ရဲ့ ဆံနွယ်တွေက တကယ်ကြီး အနက်ရောင်လေးပဲကွ! ''

'' သူက လှုပ်ရှား သွားပြီ။ သူက မကြာခင်မှာပဲ နိုးလာ သင့်နေပြီ မဟုတ်လား။ မာရှယ် က ဒီ ချစ်စရာလေးကို ကောက်ယူ လာခဲ့တာ ဆို​ပေမယ့် ဘာလို့ အခုထိ ချစ်စရာလေး ကို မလွတ်ပေး သေးတာလည်း မသိဘူး....... ''

....................................

အင်ပါယာ အဓိက ကြယ်ရဲ့ ဇာ့ချ်အမျိုးသား ဆေးဝါးစောင့်ရှောက်ရေး ပထမဆုံး စင်တာ ရဲ့ ထိပ်ဆုံးအဆင့် ဆေးပေးခန်းတွင် ဆေးဝါးကုသ သူ ဇာ့ချ် အမ တစ်စု က ဆေးရည်ကန် တစ်ခု ဘေးမှာ ဝိုင်းရံ နေကြ ပါတယ်။

ဖောက်ထွင်း မြင်ရတဲ့ အထိ ကြည်လင် နေတဲ့ အစိမ်းဖျော့ရောင် ပြန်လည်ကုသရေး ဆေးကန် အတွင်းတွင် ဇာ့ချ် လူသား နှစ်ယောက် လဲလျောင်း နေပြီးတော့ အရပ်ရှည်တဲ့ ဇာ့ချ် အမ က သေးငယ်ပြီး နုနယ်တဲ့ ဇာ့ချ် အထီးကို ကိုင်ထား တာပဲ ဖြစ်လေတယ်။ ဇာ့ချ် အမရဲ့ သန်မာ တဲ့ ရုပ်ပိုင်းဆိုင်ရာ ကြောင့် ကျန်းမာရေး  ဆေးရည်ကန် ထဲမှာ ဝင်စိမ် နေရတာတောင်မှ ပဲ နိုးကြား  နေခဲ့ ပါတယ်။

အဓိက ကြယ်ကို ပြန်ရောက် ပြီးတဲ့နောက်မှာ မာရှယ် ဇာ့ချ် အမ က နိုးကြားလာခဲ့ တာပါ ။ ဒါပေမယ့် သူ့လက်မောင်း ထဲမှ အထီးလေး က အခုထိ မနိုးလာ သေးတာ ဖြစ်လို့ သူက ဆက်ပြီး လဲလျောင်း နေခဲ့တာ ပဲ ဖြစ်ပါတယ်။

ဇာ့ချ်အုပ်စုထဲမှဆန်ပျော့စားသူအငိုသန်လေး [BL]Where stories live. Discover now