WH groupနဲ့ Kim လုပ်ငန်းစု collaboration projectလုပ်ဖြစ်တော့မည်မဟုတ် ဆိုတဲ့ သတင်းသတင်းက စီးပွားရေးအသိုင်းအဝိုင်းကြား ဟိုလေးတကျော်ဖြစ်သွားရသည်။ဆက်ဆံရေးကောင်းမွန်နေတဲ့ လုပ်ငန်းစုနှစ်ခု ဒီလိုပြိုကွဲရတဲ့အကြောင်းအရင်းကို အမျိုးမျိုးထင်ကြေးပေးနေကြပင်မဲ့ Rutoကတော့ ဒယ်ဒီကို ကျေးဇူးတင်ရ၏။
အဲ့နေ့က သွားတွေ့ပြီးနောက် သူ့ဘက်ကို ဘာမှအကြောင်းမပြန်ခဲ့ပင်မဲ့ ဒီသတင်းထွက်လာပုံအရ အခြေအနေဘယ်လိုဖြစ်သွားလည်းဆိုတာ သူခန့်မှန်းလို့ရတာပင်။
အနည်းဆုံးတော့ ဒယ်ဒီဆီမှာ သူ့ကိုပျော်ရွှင်စေချင်တဲ့ စိတ်ကလေးရှိနေတာပဲလို့ သူမှတ်ယူပါသည်။
ကိစ္စတွေပြီးဆုံးသွားရင် နေ့ရက်တိုင်း အေးချမ်းသွားမယ်လို့ Rutoထင်ထားခဲ့သော်လည်း လက်တွေ့မှတော့ မအေးချမ်းနိုင်သေးပါ။
အကြောင်းမှာ သူ့အဖြစ်က အိမ်ထောင်မကျခင်ကတည်းက ယောက္ခထီးတွေရဲ့ အိမ်ပေါ်ရောက်နေရခြင်းကြောင့်ဖြစ်၏။အခုလိုsemတစ်ခုပြီးသွားတဲ့ အားလပ်ရက်ကာလမှာ ဂျောင်ဟွမ်ရော သူရော အရင်ကတိုင်ပင်ထားတဲ့အတိုင်း သူတို့ တိုက်ခန်းမှာ အတူနေပြီး အားကစားပစ္စည်းအရောင်းဆိုင်လေးဖွင့်ဖို့ နှစ်ယောက်အတူ ကြိုးစားချင်ကြတာပင်။
ဒါပင်မဲ့ ဘာအလုပ်ပဲရှိရှိ အားလပ်ရက်ကိုတော့ အိမ်မှာလာနေရမယ်ဆိုတဲ့ မတော်ရသေးတဲ့ သူ့ယောက္ခထီးတွေရဲ့ တစ်ချက်လွှတ်အမိန့်တော်ကြောင့် သူ့မှာခုလိုသောင်တင်နေရတာဖြစ်၏။
သူ့သဘောဆန္ဒအရဆို အခုလို အတူနေရတာကို လက်ခံမှာ မဟုတ်ပင်မဲ့ သူ့ရည်းစားလေးက အဖေတွေရဲ့ စကားကို မပယ်ရှားချင်သလို သူကလည်း ချစ်ရတဲ့သူ မျက်နှာညှိုးမှာကို မလိုလားသူမဟုတ်လား။
ရည်းစားလေးက သူ့ကိုငဲ့ညှာပြီး " မင်း အနေကြပ်ရင် ငါပဲ အိမ်ပြန်နေပါ့မယ်။ မင်းနဲ့ခွဲနေရလို့ ငါနာကျင်ရလည်း ဖြစ်ပါတယ် " ဆိုတဲ့ စကားနောက် သူက ဘယ်လိုစိတ်မျိုးနဲ့ ရည်းစားလေးနဲ့ခွဲပြီး နေနိုင်ပါ့မလဲ။