" ပြန်တော့ Haruto ..။ ငါ့မှာ မင်းနဲ့ပြောစရာစကားမရှိေသးဘူး "
" ငါရှင်းပြတာကို အရင်နားထောင်ပေးပါ "
" ..... "
" ဘယ်လိုပြသနာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်အတူဖြေရှင်းကြမယ်လို့ ပြောထားတယ်မဟုတ်လား "
Hazelေရာင်လွှမ်းေနတဲ့ မျက်ဝန်းညိုတွေဆီ Ruto အသနားခံမှုက ထိရောက်သည်ထိ ဆုပ်ကိုင်ထားတဲ့ သူလက်တွေထဲကနေ ရုန်းထွက်နေဆဲဆိုပင်မဲ့ သူ့စကားကိုတော့ လျစ်လျူမရှုပဲ သူ့ရည်းစားလေးက သူ့ရှေ့မှာပဲ ရှုတည်တည် ဝင်ထိုင်၏။
" ငါ့ကို မင်းရဲ့ အပျော်ဇယားတွေထဲက တစ်ယောက်လိုပဲ သဘောထားတာလား "
သူ့ဘက်က ဘယ်လိုစပြီးရှင်းပြရမလဲ မသိခင်မှာ ကြားရတဲ့ အမေးစကားကြောင့် ruto ရင်ထဲမှာ အပြစ်ရှိစိတ်တွေ အလုံးအရင်းပင်။
" ဒီအတောအတွင်း ငါမင်းအပေါ်ဖော်ပြခဲ့တဲ့ ငါ့ရဲ့စိတ်ရင်းတွေက မင်းကို အပျော်ဇယားသက်သက်လို့ ထင်မှတ်စေတုန်းလား ဟင် .."
" တရားဝင် စေ့စပ်ထားတဲ့ လူရှိတာတောင် ငါ့ကို အသိမပေးတဲ့ သူတစ်ယောက်ရဲ့ဂရုစိုက်ေတွမှုက စိတ်ရင်းပါလို့ ငါက ဘာကိုကြည့်ပြီး ယုံကြည်ရမှာလဲ "
" ဟမ် .. haruto ! မင်းငါ့ကို ယုံအောင်ပြောပါဦး "
ဝမ်းနည်းစိတ်ကြီးစိုးလာတာကြောင့် ဖြေရှင်းချက်ပြန်မပေးနိုင်တာကို ဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံနေသည်ဟု သူအထင်မှတ် မမှားစေလိုပါ။
" အဲ့ဒီကိစ္စက ငါ့အတွက် Dinnerမှာ လူကြီးတွေ စရင်းနောက်ရင်းပြောကြတဲ့ စကားပဲ။ ငါ့ဘက်က အသိအမှတ်မပြုသလို ငါ့ဆန္ဒလည်း မပါဘူး "
" ..... "
" မင်းကို ကြိုမပြောပြထားမိတဲ့အတွက်တော့ ငါတကယ်တောင်းပန်ပါတယ်။ အဲ့ဒီကိစ္စက ဒီအသိုင်းအဝိုင်းထဲ ခုလိုပျံ့နေမှန်းမသိတာ ငါ့အပြစ်ပါ "
ရည်းစားရှုပ်ပွေတဲ့ အတိတ်နဲ့သူဆိုပင်မဲ့ ဒီကောင်လေးကိုတော့ တခြားသူတေွနဲ့မတူပဲ တစ်ဘဝလုံးစာရည်ရွယ်ထားတယ်ဆိုတာ ruto တစ်လောကလုံးကို သက်သေတည်ပြီး ပြောရဲပါသည်။