VI

39 2 0
                                    

ဇာတ်ညွှန်းဖတ်မယ့်နေရာကို အစောကြီးရောက်နေသောDoyoungတစ်ယောက် ပါလာသော ချောကလက်လုံးလေးကိုသာ စိတ်ငြိမ်ရန် ဝါးနေမိခဲ့သည်။

ဒါရိုက်တာ: "ငါတို့အငယ်ဆုံးလေး တက်ကြွသားပဲ။စိတ်မလှုပ်ရှားပါနဲ့၊ မင်းသရုပ်ဆောင်မှုကို ယုံကြည်လို့ရွေးထားတာပဲ။"

ထိုသို့ဒါရိုက်တာပြောနေသော်လည်း ဒိုယောင်း မျက်လုံးများသည် ဒါရိုက်တာနောက်က Damie Hyung စီသာ။မဖြစ်နိုင်လိုက်တာလို့တွေးပေမယ့် အကောင်အထည်လိုက်က သူ၏ရှေ့တည့်တည့်မှာပင်။

ဒါရိုက်တာ: "Doyoungဒါက မင်းနဲ့သရုပ်ဆောင်မယ့် Yedam၊
မင်းနဲ့ entertainmentအတူတူဆိုတော့သိမှာပါ။"

Do: "ပထမဆုံးတွေ့ဆုံခြင်းပါ။ တွေ့ရတာ၀မ်းသာပါတယ်စီနီယာ"

Yedam: "တွေ့ရတာ ၀မ်းသာပါတယ်။ ပထမဆုံးတွေ့ဆုံခြင်းတော့မဟုတ်ပါဖူး။"

"ဟုတ်သားပဲ။Doyoung ya၊အရင်တခါ Halloween partyမှာ ဆုံဖူးတယ်လေ။"
ဟု mananger Hyungက၀င်ပြောလေသည်။
ထိုစကားသည် Doyoungရဲ့ မှတ်မိသွားလားဆိုတဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သည်။

Yedam: *ရုတ်တရက် ညှိုးကျသွားတဲ့ ကျွန်တော့်ရဲ့Top Fanလေးက ငယ်ငယ်ကတည်းကအတိုင်းမပြောင်းလဲပေ။*

ကဲအကုန်လည်းစုံပြီးဆိုတော့သရုပ်ဆောင်ကြည့်ရအောင်။

Do: "Hyungကျွန်တော်သွားတော့မယ်။ကျွန်တော် စောင့်မျှော်နေတဲ့သူလည်း ရောက်လာပြီဆိုတော့၊"

Yedam: "မဟုတ်ဖူး၊ ငါက မင်းစောင့်နေတဲ့သူမဟုတ်ဖူး၊ ထွက်မသွားပါနဲ့။ ငါနဲ့ပဲနေပေးပါနော်၊ဂျယ်မင်းya"

Do: "ပြန်လာခဲ့ပါမယ်။ စောင့်နေပေးပါ။"

ဖြောင်း.......ဖြောင်း........

ဒါရိုက်တာ: "တော်တယ်။ မင်းတို့နှစ်ယောက်လုံး၊"

ဒါရိုက်တာ: "နောက်နှစ်ရက်‌ေန့မှာ ပထမဆုံးဇာတ်၀င်ခန်းစရိုက်မယ်။"

🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬

At အဆောင်

အကုန်ရုိက်ကူးသွားနေတော့ Doyoungတစ်ယောက်ထဲသာ ကျန်ခဲ့၏။
တိတ်ဆိတ်နေသောပတ်၀န်းကျင်ကြောင့် doyoungအတွေးများသည် ပြန့်လွင့်လို့သာနေနေ၏။
သူဒီဇာတ်ကားကို စလက်ခံတုန်းက ဇာတ်ညွှန်းကို‌ ကြိုက်လို့ပင်။ထိုဇာတ်လမ်းက သူတို့နှစ်ယောက်ကို ရည်ညွန်းနေသလိုခံစားရလို့ပင်။
အခြေအနေကြောင့် ရုတ်တရက်ထွက်ခွာသွားတဲ့ အိမ်နီးချင်းအကိုရယ်၊ စောင့်နေနော် အကိုပြန်လာရင် အရုပ်၀ယ်ခဲ့မယ်ဆိုလို့ သေပြီး သရဲဖြစ်တဲ့အထိစောင့်နေသော ညီလေးရယ်၊
မထင်ထားမိတာက ထိုဇာတ်လမ်းကို ထိုသူနဲ့ရိုက်ရလိမ့်မယ်ဆိုတာပင်။

Be😎tween💙 Us 🥰Where stories live. Discover now