Jihoonတစ်ယောက်နိုးနိုးချင်း pdတွေလုပ်ခိုင်းတဲ့ missionကိုလုပ်လိုက်ရ၏။ လူအကုန်လုံးကို လိုက်နိုးရန်ဖြစ်သည်။missionဆိုတာထက် လူမိုက်ငှားခြင်းသာဖြစ်၏။
အကုန်လုံး ဧည့်ခန်းထဲရောက်တော့ pdက missionအစစ်ကိုပြောလေ၏။
နောက်ကျမှ ထတက်သောmemberအချို့ကတော့ ဒီအစီစဉ်ကြောင့် စောစောထတဲ့ အကျင့်တွေပါရတော့မယ်ပင်။" idolဆိုတာနဲ့ fashionဆိုတာတွဲမြင်မှာပါ။
အဲတော့ ဒီမဲလိပ်လေးတွေနှိုက်ပြီးတော့
ကိုယ့်ရဲ့ fashionအတိုင်း မဲလိပ်ထဲက ကျတဲ့သူကို ဆင်ပေးရမှာဖြစ်ပါတယ်။ တစ်နေ့လုံး ထိုfashionအတိုင်း နေရမှာဖြစ်ပါတယ်။"Asahiက Hyunsukရဲ့ accessories အပြည့်နဲ့ fashionဆန်ဆန်၊
Jeongwooက Jihoonလို rockဆန်ဆန် fashion နဲ့၊
Harutoက Junkyu ရဲ့ အိမ်တွင်းပုန်း hoodieနဲ့ အနွေးဘောင်းဘီ စတိုင်၊
Junghwanက Yoshi ရဲ့ ၀တ်နေကြ တီရှပ် ကန့်လန့်စင်းနဲ့ ဂျင်းနဲ့
Jaehyukက Mashihoရဲ့ style pantရယ်၊ စွပ်ကျပ်အဖြူပေါ်မှာ ဒေါင်လိုက်အဆင်း လက်ရှည်ရယ်
Junkyuက Jaehyuk ရဲ့ ဆွယ်တာအပြာနုလေးနဲ့ ဂျင်းရယ်သာ၊
Yoshiက Asahi လို vintage boyဆန်ဆန်
Jihoonက Harutoရဲ့ အညိုတစ်လိုင်း
Hyunsukက Jeongwooရဲ့ တီရှပ်အဖြူနဲ့ ဂျင်း
Mashihoက Junghwan ရဲ့ရှပ်လက်တိုပြာနုအပေါ်ထပ်ရယ်၊T shirtအဖြူ၊style pantရယ်"ကဲ အဲတော့ အကုန်လုံးလည်း ၀တ်စားပြီးပြီဆိုတော့ ဒီနေ့ မနက်ပိုင်းအစီစဉ်က ကိုယ်၀တ်ထားတဲ့ သူရဲ့ ပုံစံအတိုင်းနေရမှာပါ။သူတို့လုပ်နေကြပံုစံတွေထဲက တစ်ခုလုပ်နေရင်ရပါပြီ။ တစ်မနက်ထဲပါ နေ့လည်ကျ အခန်းပြောင်းဖို့ gameတွေထပ်ဆော့ရမှာပါ။"
Hyunsukတစ်ယောက် Jeongwooရဲ့ တီရှပ်အဖြူနဲ့ ဂျင်းရိုးရိုးနဲ့ အဆင်ပြေမနေပါ။
Accessoriesတစ်ခုမှ မပါတဲ့ဘ၀က hyunsukရဲ့ ပြစ်ဒဏ်ခံရသလိုပါပဲ။
နေရမယ်ဆိုတော့လည်း ဘယ်တက်နိုင်မလဲဆိုပြီး သစ်ပင်တစ်ပင်အောက်မှာ ဂီတာလေးကိုင်ပြီး သီချင်းဆိုဖို့ တွေးလိုက်တော့သည်။ ထိုအချိန် Jihoonရောက်လာပြီး camera manကို ခဏဆိုပြီး တခြားနေရာခေါ်သွားရဲ့။
ထိုနောက် ဘယ်သူမှ မရှိဖူးဆိုမှ လက်ထဲက ဆွဲကြိုးထုတ်ပြီး ဆွဲပေးလေရဲ့။"Ji အဲလိုလုပ်လို့မရဖူးလေ။စည်းကမ်းဖေါက်ရာကျမှာပေါ့။"
"ရပါတယ်။ အက်ျီထဲထည့်၀တ် မသိသာဖူးရယ်။"
"Haruto fashionနဲ့ မင်းနဲ့လိုက်တယ်။"
"ငါသွားတော့မယ် ။"
![](https://img.wattpad.com/cover/355896045-288-k212482.jpg)
YOU ARE READING
Be😎tween💙 Us 🥰
FanfictionThis is just my opinion ရေးသားထားသည့်အရာများသည် စိတ်ကူးယဉ်သက်သက်သာဖစ်သည်။ မည်သူတဦးတယောက်မှ ထိခိုက်လိုသည့်ဆန္ဒမရှိပါ။