ကြက်ခြံတွင်
Woo: "မင်းက သူဌေးသားလေးဆိုတော့ ဒီက အကိုကြီး
ဖမ်းတာကိုသာ ထိုင်စောင့်နေ"ထိုသို့ပြောပြီး ကြက်ခြံထဲ ၀င်သွားသော Jeongwooကို Junghwanကြည့်သာနေ၏။
နာရီ၀က်ကြာသွားတဲ့ အထိ ကြက်တစ်ကောင်မှ ဖမ်းမမိသောကြောင့် အကိုကြီးဂိုက်ဖမ်းနေသောJeongwooတစ်ယောက် မျက်နှာ ပျက်လာသည်။အိမ်မှာလည်းအငယ်ဆံုး အဖွဲ့မှာလည်းအငယ်ဆုံးပဲဖြစ်နေခဲ့တော့ ဘ၀မှာ တစ်ခါလောက်အကိုကြီး ဖြစ်ဖူးချင်တာ Jeongwooဆန္ဒတစ်ခုပင်။
ခုတော့ အဲအကိုကြီး မျက်နှာ ပြစရာကိုပင်မရှိတော့ပေ။
Hwan: "ကျွန်တော်လာမယ်။ အကိုက အပေါက်ကနေပဲစောင့် ထွက်လာတဲ့အကောင်ကိုဖမ်းလိုက်။"Ommommဆိုပြီး ခေါင်းသာငြိမ့်နေတော့၏။
Junghwanတစ်ယောက် စစချင်း တစ်ကောင်ဖမ်းလိုက်၏။ဖမ်းပြီး Jeongwooဘက်ကို ကြက်တွေကို ခြောက်လွှတ်လိုက်၏။
အများကြီးရောက်လာတဲ့ ကြက်တွေကိုကြည့်ပြီး Jeongwooတစ်ယောက် ဘယ်အကောင်ဖမ်းရမှန်းမသိတော့။
Junghwanတစ်ယောက် ထိုခပ်တုံးတုံး အကိုသာကြည့်ပြီး ပြုံးလိုက်သည်။ထိုနောက်ကြက်ရပြီးလားလို့လာမေးတဲ့ Yoshiတစ်ယောက်ကြောင့် Jeongwooကြောက်ကြောက်နဲ့ တစ်ကောင်ဖမ်းလိုက်သည်။
ရွာခံလူကို ထိုကြက်နှစ်ကောင်ပေးလိုက်တော့၏။
Hwan: "Hyung ကျွန်တော့်ကိုစိတ်ပူလို့လိုက်လာတာလား။"Yo: "ဟုတ်ပါဖူး။ စားဖိုမှူးတွေက လာမေးခိုင်းလို့လိုက်လာတာ။"
Jeongwooတစ်ယောက်ကတော့ ကြက်ကြီးကို ငါတကယ်ကိုင်လိုက်မိတာလားဆိုပြီး စိတ်တွေ လွင့်နေရဲ့။
တခြားတစ်ဘက်တွင်လည်း မီးဖိုဖို့ ထင်းခွဲရန်ကြံနေ၏။
Sahi: "Jaehyukမင်း ခွဲရော ခွဲတက်လို့လား။"
Jae: "ရတယ်ထားလိုက် မင်းက စက္ကူလိုပေါ့နေတာ မင်းမလုပ်နိုင်ဖူးငါလုပ်မယ်။"သို့သော် ခုနကတည်းက ခွဲနေသော ထိုထင်းမှာ အရာတောင်မယွင်းသေးပေ။
ငါစမ်းကြည့်မယ်ဟုလည်း asahi အာမချောင်ရဲ၊အဘယ်သို့ဆိုသော် သူသည် ထိုပေါက်ဆိန်ကိုတောင် မနိုင်မည် မထင်။

YOU ARE READING
Be😎tween💙 Us 🥰
FanficThis is just my opinion ရေးသားထားသည့်အရာများသည် စိတ်ကူးယဉ်သက်သက်သာဖစ်သည်။ မည်သူတဦးတယောက်မှ ထိခိုက်လိုသည့်ဆန္ဒမရှိပါ။