// လေမတိုက် မိုးမရွာ တဲ့ အလုံပိတ်အခန်း မှာ ဒီမှန်က ဘာကိစ္စကွဲသွားရတာလဲ\\
ကျွန်တော် တို့နှစ်ယောက်လုံးရဲ့ရင်ထဲမှာ မေးခွန်းကိုယ်စီ ပြည့်နေပေမဲ့ နှစ်ယောက်လုံးစွံ အနေတာတော့ အံသြစရာပါ .....
ကလင်.....ကလင်....ကလင်
// ဟဲလို .....ဟုတ်ကဲ့ daddy..... ဟုတ်ကဲ့....ပြန်လာခဲ့ပမယ်နော် \\
" ကို ....daddy က အခုပြန်လာတဲ့....soo ပြန်ရတော့မယ်....စိတ်မဆိုးနဲ့နော်..."
// ရပါတယ်....soo အရေးကြီးတယ် ဆို ပြန်ရမှာပေါ.့ ....ကို့ ကို ထည့် မစဉ်းပါနဲ့..\\
ကျွန်တော် soo ရဲ့နဖူးလေးကို ဖွဖွလေး နမ်းလိုက်ပြီး.....လိုက်ပို့ပေးဖို့ coat အကျီင်္တစ်ထည် ကောက်စွပ်လိုက်တယ်....
// ဒီနေ့ soo က ကို နဲ့ အေးဆေး နေမလားလို့...ကံတရားက soo တို့ဘကိမပါဘူးနော် \\
ကျွန်တော်က တော့ soo ရဲ့ စကားတွေ ကို အကေးမစိုက်နိုင်ပါဘူး ...စိတ်ထဲမှာ ကွဲနေတဲ့မှန်ပဲရေက်နေတယ်....
Soo ကို ကားပေါ်တင်ပေးပြီးတော့ ....အိမ်အောက်မှာ security ဦးလေးကြီးနဲ့တွေ့တော့....
// အခုန မီး ကဘာလို့ ပျက်သွားတာလဲ ဟင် \\// ဟေ...ဘယ်တုန်းကပျက်လို့တုန်း...မပျက်ပါဘူး \\
// လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်လောက်က မီးပျက်သွားတယ်မဟုတ်လား \\
// မပျက်ပါဘူး သားရဲ့...အဘ တောင် အခုနကTV ဇာတ်လမ်းတွဲ ကြည့်နေသေးတာ....\\
Kai ရဲ့ရင်ထဲမှာမီးရထားဆယ်စင်းလောက် ခုတ်မောင်းသွားသည့်အလား......ဒါတွေက သွေးရိုးသားရိုးမဟုတ်တာတော့အသေချာ...
Kai အိပ်ခန်းထဲဝင်ရမှာတောင်ခပ်ကြောက်ကြောက်.....ဘာမှန်းမသိတဲ့ တစ်ခုခု ကိုကြောက်နေမိတာတော့အမှန်...
ကုတင်ပေါ်မှာSoo ရဲ့ချွတ်ထားတဲ့ညဝတ်အကျီင်္လေး ကိုတွေ့တော့ အခုန ကြည်နူးမှု လေးကို ပြန်သတိရသယောင်ယောင်.....kai တို့လည်း ဘယ်တော့များမှ တည်ငြိမ်တဲ့ အိမ်ထောင်ရေးလေးကို ဖန်တီးနိုင်မလဲနော်.....
ကွဲသွားတဲ့ မှန်တွေ ကို ကျွန်တော်သိမ်းဖို့ မှန်တင်ခုန်နားကို လျှောက်လာခဲ့တယ်.....ရှပ်ရှပ်.....
ဘာလဲဟ
မှန်တင်ခုန်မှန်ထဲမှာ တစ်ခုခု ဖြတ်ပြေးသွားသလိုပဲ..ကျွန်တော်မြင်လိုက်တာ အသေချာ....သေချာပြန်ကြည့်သည်....ဘာမှမရှိ....ကျွန်တော့် စိတ်ထဲ မှာထင်နေတာလား တကယ် ဖြစ်နေတာလား.....
ကျွန်တော့် စိတ်ကို ကျွန်တော် ပြန်တင်းလိုက်သည်......ငါ့စိတ်က ထင်တာပဲ ဖြစ်မှာပါ.....မှန်ကွဲစ များကို စနစ်တကျ သိမ်းထုတ်ပြီး.....မှန်တင်ခုံ မှန်ကို အသာ ရှင်း လင်းလိုက်သည်...အနည်းငယ် ပင်ပန်းသွားသလို ဖြစ်တာနဲ့ ကုတင်ပေါ်မှာ ခဏလှဲအိပ်လိုက်သည်....
{{{{{ ကျွန်မ ကို ကယ်ပါနော် ကျွန်မကိုကယ် ပါ }}}}}
ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်အတိ.....ယောက်ျား ရင့်မာကြီးတစ်ယောက် က ဂါဝန်ဖြူ နဲ့မိန်းမငယ်တစ်ယောက်ကို အရိုးကွဲမတတ် ရိုက်နှက်နေသည်......သတိမေ့သွားသယောင်ရှိရင် မိန်းမကြီးတစ်ယောက်က ရေနွေးနှင့်ပတ်သည်.....သူမ၏ဂါဝန်ဖြူ လေးက အနီရောင်ဘဝသို့ ပြောင်းလဲ လျက်........သူမ၏မျက်နှာ ချောချော လေးကတော့ ပျက်ယွင်းမသွား..ပန်းနှရောင်နှုတ်ခမ်းပါးလေး....သွယ်တန်းနေတဲ့မျက်ခုံးစင်းလေးတွေ...မျက်လုံးလေးကကျဉ်းပေမဲ့ အနက်ရောင် liner တန်းလေးတွေကြောင့် လှသယောင်ယောင်....ဒါပေမဲ့ မျက်ရည်တွေ သွေးတွေကြားမှာ သူမအလှက အနည်းငယ်.ငုပ်လျှိုးလျက်........အား........မီးတွေ ...သူမခန္တာကိုယ်အနှံ့မီးပွားတွေ
{{ ပူတယ်...ပူတယ်....ကယ်ပါ..ကယ်ကြပါ}}အား....ပူတယ်....ပူတယ်
ချွေးသံတရွှဲရွှဲ နဲ့ကျွန်တော် အိပ်ရာမှ နိုးထ လာခဲ့ပြန်ပါပြီ.....
ဒီအိမ်မက်ဆိုးတွေ ကျွန်တော် အိပ်တိုင်းအမြဲ ခြောက်လှန့်နေခဲ့တာ.....ဒီအိမ်စပြောင်းလာတည်းကပါပဲ.....ဒီအိမ်ကြီးကပဲ တစ်ခုခု ဖြစ်နေတာလား.. .ကျွန်တော်ပဲ ညနက်သန်းခေါင်စာရေးပြီး အိပ်ရေးပျက်တာများလို့ များလား.....
// soo ရယ်လွမ်းလိုက်တာ......မင်းသာ ကို့ အနားမှာ ရှိနေရင် ဒီ အိမ်မက်ဆိုးတွေ မက်ချင်မှ မက်မှာ \\
ကျွန်တော် မသိတာတစ်ခုက ဘာမှန်းမသိတဲ့အရာတစ်ခု ဘာမှန်းမသိတဲ့ အကြည့်တွေ နဲ့ ဘယ်ကမှန်းမသိတဲ့နေရာတစ်ခုကနေ ကျွန်တော့် ကို လှမ်းကြည့် နေတယ် ဆိုတာပါပဲ
To be continued
Vote လေးတွေ fb လေးတွေ စွန့်ကြဲ သွားကြပါနော်
![](https://img.wattpad.com/cover/43843431-288-k973373.jpg)
BINABASA MO ANG
Hardness love( ဒဏ်ရာများ ရဲ့တမန်တော် )
Adventureအမုန်းတွေ အငြိုးတွေနဲ့ပြည့်နှက်နေတဲ့ မိန်းမတစ်ယောက်...... ချစ်ခြင်းပြည့်ဝနေတဲ့ စုံတွဲ တစ်တွဲ.... အခန်းတစ်ခန်းမှာ ဆုံဆည်းလာမိတော့.......