part 9 ( loyal )

1K 122 7
                                        

// စိတ်​ချ ပါ.....ကျွန်​​တော်​ ကူညီ့ ပမယ်​......တတ်​နိုင်​သ​လောက်​​ပေါ့.....နည်းနည်း​ကြာ ပြီ ဆို​တော့ ချက်​ချင်းကြီး​တော့ အ​ဖြေ ရှာ ​တွေ့မှာ မဟုတ်​ဘူး...အဲ ဒါ...\\

ကျွန်​​တော့်​စကားမဆုံးခင်​မှာပဲ baek က ကျွန်​​တော့်​ရဲ့ ပုခုံး​လေးကို အသာဆွဲယူပြီး....သူ့​ခေါင်း​လေးကို ကျွန်​​တော့်​ပုခုံး​ပေါ်မှာ တင်​ထားလိုက်​တယ်​....

// ခဏ​လေးပါ​နော်​ kai....baek ခဏ​လောက်​ ဒီလို​လေး​နေပါရ​စေ......​နေ့တိုင်းနာကျင်​မှု​တွေပဲ ခံစား​နေရတာ.....baek ကို ခဏ​လေးနှစ်​သိမ့်​​ပေးပါ​နော်​...\\

ကျွန်​​တော်​ လည်း မငြင်း​တော့ပါဘူး.....သူ့ရဲ့​ကျောပြင်​​လေးကို အသာ​လေး ​ပွေ့ထား​ပေးလိုက်​ပြီး...ပိုပြီးတင်းတင်းကျပ်​ကျပ်​ဖြစ်​သွား​အောင်​ တယုတယ ​လေး​ထွေး​ပွေ့ထားလိုက်​တယ်​...
နည်း​နည်းဆိုတာထက်​ သူကလည်းပိုပြီးတင်းတင်းကျပ်​ကျပ်​ဖက်​လိုက်​​တော့ သူ့ရင်​သား ပြည့်​ပြည့်​ဖြိုးဖြိုး ကြီးက ကျွန်​​တော်​ရင်​ဘတ်​ကို လာထိကပ်​သွားတယ်​.....တစ်​စုံတစ်​ခု ကိုခံစားလိုက်​ရတဲ့ခံစားမှု​ကြောင့်​ရင်​ခုန်​သံ​တွေ ဆူညံ ပွက်​​လောရိုက်​သွားတယ်​.....ဘာလဲ....ကျွန်​​တော်​ သရဲမကို ရင်​ခုန်​​နေမိတာလား.......

်​မျကရည်​​တွေ ရွှဲရွှဲစို​နေတဲ့ သူ့ ပါးပြင်​​လေးကျွန်​​တော့်​ ပုခုံး​လေးကိုလာထိ​တော့ ရင်​ထဲမှာ​အေးခနဲ..... သူ့နာကျင်​မှု​တွေသက်​သာဖို့သူ့မျက်​ရည်​​လေး​တွေကိုတယုတယ သုတ်​​ပေးလိုက်​မိ​တယ်​.....ကျွန်​​တော့်​ လက်​​မောင်း​လေး​ပေါ်မှာ မှီရင်းဝမ်းနည်းမှု အကြွင်းအကျန်​​တွေ ထုတ်​​ဖော်​ရင်း ရှိုက်​ကြီးတငင်​ငို​ကြွေး​နေတဲ့သူမ........သူမရဲ့ မျက်​နှာ​လေးကို ကျွန်​​တော့်​မျက်​နှာအနားကို ဆွဲယူပြီး နှစ်​သိမ့်​​ပေးမယ်​အလုပ်​.....

သူ့မျက်​နှာနဲ့ကျွန်​​တော့မျက်​နှာ က အများဆုံးကွာ ၅.cm ​လောက်
Soo လို မျက်​နှာမှာ မိတ်​ကပ်​​တွေ အ​ရောင်​တင်​ပစ္စည်း​တွေ မလိမ်းခြယ်​ထား​တော့ ရှင်းလင်း​နေတဲ့မျက်​နှာမှာ ​သွေး​ကြော စိမ်း​လေး​တွေက အစမြင်​​နေရတယ်​.....သဘာဝအတိုင်း ​ကော့စင်း​နေတဲ့မျက်​​တောင်​​လေး​တွေက မျက်​ဝန်းနက်​​လေးမှာ ဆိုးထားတဲ့ liner ​လေးနဲ့လိုက်​ဖက်​လွန်းတယ်​....ပန်းနု​ရောင်​ခြယ်​ နှင်းဆီနှုတ်​ခမ်းဖူး​လေးမဟုတ်​​ပေမဲ့ နှာတံ​အောက်​ဖျားကခွဲ​ကြောင်း​လေး​ကြောင့်​တစ်​မျိုး​လေးလှပ​နေတယ်​...ဘယ်​လိုမှ ဟန်​​ဆောင်​မရနိုင်​​လောက်​​အောင်​ သူ့ရဲ့အလှအပ​တွေ မှာ ကျွန်​​တော်​ ရစ်​မူး​ပျော်​ဝင်​သွားမိပြီ....

နီးကပ်​​နေပြီ ဖြစ်​တဲ့သူ့ရဲ့နှုတ်​ခမ်း​လေးကို ကျွန်​​တော့်​နှုတ်​ခမ်းနားဆွဲယူပြီး ယုယုယယ ဖိကပ်​နမ်းရိုက်​လိုက်​တယ်​......တဖြည်းဖြည်းနူးညံ​နေတဲ့အနမ်း​တွေက ချိုမြိန်​သထက်​ ချိုမြိန်​လာတယ်​....တုံပြန်​လာတဲ့သူ့ရဲ့အနမ်း​လေး​တွေ ကြမ်းတမ်းလာတာနဲ့အမျှ....ကျွန်​​တော့်​စိတ်ေ​တွလည်းတင်းမရနိုင်​​အောင်​ ထကြွလာတယ်​........သူမ ကကုတင်​ထက်​မှာ လှဲချလိုက်​ပြီး.....မျက်​လုံးအစုံကို မှိတ်​ထားလိုက်​တယ်​......သူ့ပုံစံ​လေးက တကယ့်​ကို ချစ်​ဖို့​ကောင်း​လောက်​​အောင်​ဆွဲ​ဆောင်​​နေတယ်​......ကျွန့်​​တော့်​စိတ်​​တွေ တက်​ကြွ​နေ​ပေမဲ့......ကျွန်​​တော့်​သစ္စာတရားက​တော့ ဥ​ပေက္ခာပြုမိ​နေတယ်​...

Baek..................// ဘာလို့လဲ......baek က အသက်​မရှိ​တော့တဲ့အ​လောင်း​ကောင်​ကြီးဖြစ်​​နေလို့လား......အစိမ်း​သေ သရဲမ ဖြစ်​​နေလို့လား \\

မျက်​ရည်​​တွေ ကျလာပြန်​တဲ့သူမကို ကျွန်​​တော်​ ​ဆွေး​ဆွေး​လေးကြည့်​လိုက်​ပြီ..ရင်​ထဲမှာ တစ်​မျိုးကြီးဆို့နစ်​လာတယ်​...
Kai................// Soo ထက်​အရင်​သာ မင်းနဲ့ဆုံခဲ့မယ်​ဆိုရင်​ ငါမင်းကို ချစ်​ခဲ့မိမှာ \\

Baek.............// ကျွန်​မ က သရဲမ ပါ....ကျွန်​မကို ရှင်​ တစ်​​ယောက်​ထဲပဲ မြင်​ရ​တွေ့ရတာပါ......ရှင့်​ကို baek ချစ်​တယ်​....ရှင်​ ပြန်​ချစ်​လာတာလည်းလိုချင်​တယ်​......please baek ကို ချစ်​ပါ​နော်​......baek ကို ချစ်​​ပေးပါ \\

သူ့ကို ကြည့်​ရင်း ကျွန်​​တော်​​တောင်​မျက်​ရည်​​တွေ ဝဲလာပြီ....သူမကို ကျွန်​​တော်​ သနားတယ်​....ဒါ​ပေမဲ့ အဲဒါအချစ်​မဟုတ်​ဘူး......ဘာပဲဖြစ်​ဖြစ်​ soo က ကျွန်​​တော်​ မိန်းမ.. ..သစ္စာ ဆိုတာ ​ယောကျား တစ်​​ယောက်​ရဲ့သမာဓိပဲ.....

To be continued.....
နောက်​တစ်​ခန်း ​တော့ ပလတ်​စ်​ ပြီလို့........​ပလတ်​စ်​ ရမလား....ဒါမှမဟုတ်​ဒီတိုင်းပဲ​ရေးရမလားလို့ ​ပြောပါဦး လို့......

Hardness love( ဒဏ်​ရာများ ရဲ့တမန်​​တော်​ )Onde histórias criam vida. Descubra agora