BAEK အိမ်တော်ရောက်တော့ အမေကို စတွေ့တယ်....အရမ်းလည်း ဝမ်းနည်းနေတာကြောင့် အမေ့ကို baek ပြေးဖက်လိုက်တယ်.....ဒါပေမဲ့ ခက်ထန် လွန်းနေတဲ့ အမေ့အမူအရာ ကbaek ကို တကယ်ထိတ်လန့်စေခဲ့တယ်.....
// မိန်းမညံ .....နင် ငါ့ရှေ့က ထွက်သွားစမ်း....ငါနင့်ကို ဘာမှ မလုပ်မိခင် ထွက်သွားစမ်း.\\
အမေ့ဆီ ကဒီလို စကားမျိုးကြားရလိမ့်မယ် လို့ baek တကယ်မထင်မိဘူး....
// ဘာလို့လဲ....ဘာကြောင့်လဲ....သမီးလေ....အမေ့ ရဲ့ တစ်ဦးတည်းသော သမီးလေ....အမေ..\\
// မပြောနဲ့...မျိုးမစစ်မ.....နင်က ငါ့သမီး မဟုတ်ဘူး....အမျိုးယုတ်ကျွန်မျိုး.....လာကြစမ်း....သူ့ကို ရိုက်နှက် ဆွဲထုတ်လိုက်စမ်း \\
// ဟင့်အင်း....မသွားဘူး....အမေ...သမီး ကို မနှင်ပါနဲ့နော်...သမီးမှာ သွားစရာလည်းမရှိပါဘူး....အမေရယ် \\
Baek အမေ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားပေမဲ့...အမေ့ဆီ ကပြန်ရ လိုက်တာ ပြင်းထန်တဲ့ ရိုက်ချက်တစ်ခု.....baek ပါးပေါ်ကို....
တစ်ခါမှ အမေ့ဆီ က ဒီလို အဆက်ဆံ မခံ ဖူးဘူး...
အမေ့အမိန့်ကြောင့်အလုပ်သမားတွေ ဝိုင်းစုပြီး.baek ကို ရိုက်နှက်ကြတယ်.....နာကျင်လွန်းလို့ baek မှာ ပြောမပြနိုင်အောင်ပဲ.....
နာကျင်မှုတွေ ကြားကနေ baek မြင်လိုက်တာ....တိုင်အကွယ်ကနေ မျက်ရည် အဝိုင်းသားနဲ ငေးကြည့်နေတဲ အဖေ.....
// အဖေ.....baek ကို ကယ်ပါဦးနော်....\\
Baek အကူအညီ လှမ်းတောင်းပေမဲ့ အဖေ က soo ကို မမြင်ချင်ယောင် ဆောင်ပြီး စာကြည့်ဆောင်ထဲ ဝင်သွားတယ်....baek ရှေ့မှာ baek ကို ရက်ရက်စက်စက် ရိုက်နှက်ဖို့အမိန့်ပေးနေတာ......တစ်သက်လုံး baek ကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ခဲ့တဲ့ baek အမေအရင်းမှ ဟုတ်ရဲ့လားနော်......
သေလုမျောပါး ရိုက်နှက်ပြီး တော့ baek ကို ခြံ ပြင်ကို မောင်းထုတ်ကြတယ်.....နာကျင်လွန်းတဲ့ ဒဏ်ကြောင့် baek မှာသွားစရာမရှိ....ရာဇဝတ်သား ဖြစ်နေတဲ့ baek က အခု ဘယ်သွားရမလဲ......baek ကို ဘာလို့ဝိုင်းရက်စက်ကြတာလဲ..baek မှာ ဘာအပြစ်ရှိလို့လဲ...ဘာကြောင့်ရက်စက်ရက်တာလဲ..
ESTÁS LEYENDO
Hardness love( ဒဏ်ရာများ ရဲ့တမန်တော် )
Aventuraအမုန်းတွေ အငြိုးတွေနဲ့ပြည့်နှက်နေတဲ့ မိန်းမတစ်ယောက်...... ချစ်ခြင်းပြည့်ဝနေတဲ့ စုံတွဲ တစ်တွဲ.... အခန်းတစ်ခန်းမှာ ဆုံဆည်းလာမိတော့.......
