Unicode
တက္ကသိုလ်တစ်ခု၏ ခေါင်မိုးအထပ်တွင် စီနီယာ ကျောင်းသားနှစ်ယောက် မတ်တပ်ရပ်ကာ စကားများနေကြသည်။
"စောက်ရေးမပါတာကို ခေါင်းထဲထည့်မနေနဲ့ စောခေတ်နောင်"
"မင်းအတွက်တော့ စောက်ရေးပါမလား ၊ မင်းက ဒီလိုဖြစ်လာအောင်လုပ်တဲ့လူလေ ၊ ငါကသာ ... ငါကသာ ရင်ဘတ်ကြီးနဲ့ ခံစားနေရတဲ့ကောင်ကွ"
"အဲတော့ ဘာဖြစ်ချင်လဲ ၊ လမ်းခွဲချင်တာလား"
လျှံ့ ထံမှ အပြောစကားကို နောင် ထူးပြီး အံ့ဩပြမနေတော့ပါ။ အမြဲတမ်း ဒီစကားပြောပြီး နောင့်ကို အနိုင်ပိုင်းတတ်တဲ့ လျှံဟာ ဒီတစ်ခါလည်း နောင့်ကို အနိုင်လိုချင်နေပုံပါပဲ။
"လမ်းခွဲကြမယ် လျှံ ၊ ငါပင်ပန်းနေပြီ"
နောင်ပြောလိုက်တော့ လျှံက အံ့ဩသလို မျက်နှာပေးဖြင့် တခဏကြည့်ပြီးနောက် နှုတ်ခမ်းတစ်ဖက်တွန့်၍ ပြုံးပြလာသည်။
"ရတယ်လေ ၊ ပြီးမှ မနေနိုင်ပဲ ငါ့ဆီ ပြန်မလာနဲ့နော် စောခေတ်နောင် ၊ ရောင်ဝါပြည့်လျှံဆိုတဲ့ ကောင်က ဘယ် ရည်းစားဟောင်းကိုမှ ပြန်လက်ခံရိုး ထုံးစံမရှိဘူး"
"မင်းသိအောင် တစ်ခုပြောလိုက်မယ် ၊ စောခေတ်နောင်ဆိုတဲ့ ငါကလည်း ဟင့်အင်းဆို လှည့်တောင်မကြည့်တတ်ဘူး"
"အဟွန်း! အပြောမကြီးနဲ့ ၊ မြန်မြန်လမ်းခွဲမယ်ဆိုတဲ့စကားကို ရုတ်သိမ်းလိုက် ၊ ပြီးရင်းမင်းပဲ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ပြီး ဂျောင်ကပ်ငိုနေရမှာ"
"ဒီတစ်ခါတော့ ငါလုံးဝ သည်းမခံနိုင်တော့ဘူး လျှံ ၊ ငါမင်းနဲ့ လမ်းခွဲမယ် ၊ ပြီးရင် ငါ့လမ်းငါလျှောက်မယ် ၊ နောင်တစ်ချိန်မှာ ငါ့ကို ချစ်ပေးတဲ့လူကို ရွေးချယ်မယ်"
"ပြန်ပြောစမ်း မင်း!"
ဒေါသထွက်သလို မေးရိုးတွေထင်းတဲ့အထိ အံကြိတ်လာပြီး နောင့်အနားကို တိုးကပ်လာသူသည် နောင့်မေးရိုးကို အားပါပါဖြင့် လာညှစ်သောကြောင့် နောင်နာကျင်သွားရသည်။ လျှံ့ကိုကြည့်ရတာ ဒေါသထွက်နေသလိုပင်။ ဆုံးဖြတ်ပြီးသားကို ပြန်မပြင်တတ်သည့် နောင့်အကျင့်လေးအရ ပြောလက်စစကားကိုသာ ပြန်ပြောလိုက်သည်။
YOU ARE READING
EX-BOYFRIEND ( ရပ်နား )
Fantasyရေးမယ်ကြံတိုင်း စိတ်လွင့်နေလို့ လပိုင်းလောက် ရပ်ထားပါမယ်ဗျ။ ရောင်ဝါပြည့်လျှံ + စောခေတ်နောင် ဤ fiction သည် စာရေးသူ၏ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် အပြင်လောကနှင့် လုံးဝသက်ဆိုင်နေခြင်းမရှိပါ။ 📌 Photo from Pinterest.