2

6.2K 400 46
                                    

Unicode

5နှစ်အကြာ.......။

နယ်မြို့တစ်ခုအတွင်းရှိ စားသောက်ဆိုင်တစ်ခုတွင် ခုံအကျိုးအပျက်များဖြင့် ရစရာမရှိအောင် ရှုပ်နေလေသည်။

"ဘယ်မလဲ အတိုးပေးရမဲ့ ပိုက်ဆံ"

"တောင်းပန်ပါတယ် ၊ နောက် ... နောက်တစ်ပတ်လောက်စောင့်ပေးလို့ရမလား"

"မလိုတော့ဘူး ၊ ဒီဆိုင်ကို ဖျက်စီးရုံပဲ"

"တောင်းပန်ပါတယ် ၊ မလုပ်ပါနဲ့ ဒါလေးပဲရှိလို့ပါ တောင်းပန်ပါတယ်"

ခြေထောက်ဖက်ကာ တောင်းပန်နေသော်လည်း မျက်ဝန်းပြာပိုင်ရှင်ဟာ တစ်ချက်တောင်အကြည့်မပေးခဲ့။ ခြေထောက်ကို ခါထုတ်၍ ဆိုင်ပြင်ထွက်မယ်ပြင်လိုက်စဉ်

"အားလုံးပဲ မင်္ဂလာပါဗျ ၊ ဒီနေ့ ကျွန်တော်တို့ interview ပေးမဲ့လူကတော့ cele တစ်ယောက်မဟုတ်ပဲ အောင်မြင်နေပြီး  အထက်တန်းလွှာ လူတန်းစားတွေကြားမှာ ရေပန်းစားနေတဲ့ ACE ယောင်္ကျားလေးသီးသန့် ဖိနပ်ဆိုင်ရဲ့ပိုင်ရှင် စောခေတ်နောင်ဖြစ်ပါတယ်ဗျ"

မျက်ဝန်းပြာပိုင်ရှင်ဟာ ခြေလှမ်းတွေကို ရပ်လိုက်ပြီ မှုန်ဝါးဝါးဖြစ်နေသည့် ဆိုင်ရဲ့ TV ထံ အကြည့်ရောက်သွားသည်။ ထို့နောက် မျက်ဝန်းထက် နူးညံ့မှုတို့ ဖျက်ပြေးသွားပြီး TV အရှေ့မှာ ခုံတစ်လုံးယူ၍ ထိုင်ချလေသည်။

ထိုလူထိုင်ချသည်နှင့် တစ်ဆိုင်လုံးတိတ်ဆိတ်သွားပြီး ဘာဆက်ဖြစ်မလဲ စောင့်ကြည့်နေကြသည်။

အင်္ကျီ အိတ်ထဲမှ ဆေးလိပ်နှင့် မီးခြစ်ကိုယူကာ အေးဆေးထိုင်သောက်လိုက်ရင်း ထို interview ကိုကြည့်နေလေသည်။

"ကိုစောခေတ်နောင် မင်္ဂလာပါဗျ"

"ဟုတ်ကဲ့ မင်္ဂလာပါ"

"ပထမဆုံး မေးခွန်းကတော့ ဒီလောက်တောင်ချောမောနေရတဲ့ လျှို့ဝှက်ချက်က ဘာများလဲဗျ"

"အာ..."

ရှက်သလို အမူအယာဖြင့် အမျိုးသားရဲ့ ပုံရိပ်ဟာ ဖန်သားပြင်ပေါ်မှာ ပေါ်ထွက်လာတာကြောင့် လက်ထဲရှိ မီးလက်စနှင့်ဆေးလိပ်ဟာ ထက်ပိုင်းကျိုးသွားခဲ့ရသည်။

EX-BOYFRIEND ( ရပ်နား )Where stories live. Discover now