Unicode
ပြောင်းလဲသွားသည့် ဆိုင်အပြင်အဆင်နှင့် မျက်နှာစိမ်းဖြစ်နေသည့် ဝန်ထမ်းအမျိုးသား နှစ်ဦးနှင့် အမျိုးသမီးသုံးဦးကြောင့် နောင့်မှာ ပါးစပ်အဟောင်းသား။
နောင့်ဆိုင်ဟာ အရင်က brown theme ကို သုံးထားပြီး အကုန်လုံးကို အရောင်မှိုင်းမှိုင်းသုံးထားခဲ့တာပင်။နောက်ပြီး ဆိုင်အရှေ့မှာ အလှသစ်ပင်ပုလေးတွေနှင့် ဆိုင်အရှေ့မျက်နှာပြင်တစ်ဝက်အထိပဲ မှန်နှင့် ကာထားပြီး အောက်တစ်ဝက်ကိုတော့ သစ်သားသုံးကာ ဆေးသုတ်ထားတာပင်။ အောက်ကြမ်းခင်းကိုလည်း အညိုရောင်ပဲ သုံးထားခဲ့သည်။
ယခုတော့ ယခင်က အညိုရောင်မဟုတ်တော့ပဲ တစ်ဆိုင်လုံး အဖြူအမည်းချည်ဖြစ်ကုန်သည်။ ဝန်ထမ်းငါးယောက်က အစ အဖြူအမည်းဝတ်စုံတွေနှင့်။ နောင် ချုပ်နေကျ စက်တွေဟာလည်း အဖြူရောင်နှင့်အမည်းရောင်သုံးထားသည့် စက်ပစ္စည်းအသစ်တွေ အစားထိုးသွားသည်။ ဆိုင်ရှေ့မျက်နှာပြင်တစ်ခုလုံးကို မှန်အပြည့် ကာလိုက်ပြီး ဖိနပ်တွေကို အပြင်လူမြင်ဖို့ရာ စင် ပါလုပ်ပေးထားသည်။
အမျိုးအမည်မသိသည့် အစိမ်းရောင် အပင်ပုလေးတွေလည်း ဆိုင်ရှေ့မှာ စိုက်ပေးထားပြီး တစ်ဆိုင်လုံး အသက်ဝင်နေသည်။
လျှံက ရက်ပိုင်းအတွင်း ဒါတွေကို စိတ်ကြိုက်ပြင်ဆင်ခဲ့တာ သိသာလွန်းသည်။ ကိုယ့်ဆိုင်ဆိုပေမဲ့ ကိုယ်နှင့်အသားကျဖို့မဖြစ်နိုင်သေး။ နောက်ပြီး ဝန်ထမ်းတွေဟာလည်း လျှံ့လူတွေဆိုတာ သိသာလွန်းနေသည်။
"မင်္ဂလာပါဗျ ၊ ကျွန်တော်က အကိုကြီး....အဲ... ကိုရောင်ဝါပြည့်လျှံ ခန့်ထားတဲ့ ဝန်ထမ်းအသစ်ပါဗျ ၊ ရှိုင်းထက်လို့ ခေါ်ပါတယ်ဗျ"
"ကျွန်တော်က ထက်အာကာ ပါဗျ"
"ကျွန်မက ဆေးစက်ပါရှင့်"
"ညီမက စိမ်းလဲ့ပြာ"
"ကျွန်မက ယူရီ"
နောက်ဆုံးတစ်ယောက် စကားဆုံးသည်နှင့် နောင် လွယ်ထားသည့်အိတ်ကို စက်ခုံပေါ်တင်လိုက်ပြီး
"ကျွန်တော့်နာမည်က စောခေတ်နောင်ပါ ၊ ပေါ့ပေါ့ပါးပါး အဆင်ပြေရာ ရွေးခေါ်လို့ရပါတယ်ဗျ"
YOU ARE READING
EX-BOYFRIEND ( ရပ်နား )
Fantasyရေးမယ်ကြံတိုင်း စိတ်လွင့်နေလို့ လပိုင်းလောက် ရပ်ထားပါမယ်ဗျ။ ရောင်ဝါပြည့်လျှံ + စောခေတ်နောင် ဤ fiction သည် စာရေးသူ၏ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် အပြင်လောကနှင့် လုံးဝသက်ဆိုင်နေခြင်းမရှိပါ။ 📌 Photo from Pinterest.