11

2.2K 129 10
                                    

Unicode

မှောင်မည်းနေသည့် အခန်းကျဉ်းထဲမှာ ခြူး ဘယ်နှရက်လောက် ကြိုးတုတ်ခံထားရသလဲမသိတော့။ ထမင်းစာချိန်တစ်ချိန်မှလွဲ၍ မိမိအနားမှာ မည်သူမှမရှိ။ ဘာမှမမြင်ရသည့် နေရာမလို့ ဘယ်နားမှာ ဘာရှိနေသလဲဆိုတာလည်း မသိရ။

လမ်းထိတ်မှာ ဈေးထွက်ဝယ်တုန်း အနောက်မှအရိုက်ခံလိုက်ရပြီး ဘာမှန်းမသိသည့် နေရာအား ရောက်လာခဲ့သည်။ ယခုဆိုလျှင် မာမီနှင့် ဒယ်ဒီရော ခြူးကို ရှာနေလောက်လား။ နောက်ပြီး နောင် ရော ဘယ်လို ဖြစ်နေပြီလဲ။

'ဂျိန်း!!!'

တံခါးဖွင့်သံကြားပေမဲ့ ခြူး ခေါင်းမော့ကာ မကြည့်ပဲ မိမိခြေထောက်ကိုသာ ငုံ့ကြည့်နေမိသည်။ တံခါးဖွင့်လျှင် သေချာသည် ထမင်းလာကျွေးတာပင်။

"ငွေအိမ့်ခြူး"

ရင်းနှီးသလိုနှင့် စိမ်းသက်နေသည့် မိန်းကလေးတစ်ယောက်၏ အသံကြောင့် ခြူး ခေါင်းမော့ကြည့်လိုက်တော့ စူးရှလွန်းသည့် မီးရောင်တွေကြောင့် ခပ်မြန်မြန်ပဲ မျက်လုံးမှိတ်လိုက်ရသည်။

ယခင်နေ့တွေကနှင့်မတူ ဒီနေ့သည် တစ်ခန်းလုံးကို မီးရောင်တွေနှင့် လင်းထိန်းနေလေသည်။

"ခေါင်းမော့စမ်း!"

ခြူး မေးဖျားမှ ကိုင်ကာ ခေါင်းမော့စေတာကြောင့် မျက်မှန်အောက်မှ မျက်ဝန်တွေဖြင့် ထိုမိန်းကလေးအား အကြည့်ပြန်ပေးလိုက်စဉ်

"ယုယနိုင်"

ရက်ပိုင်းလောက်စကားမပြောခဲ့တာမလို့ ခြူး အသံဟာ ခပ်အပ်အပ်။

"သူ့ကို ကြိုးတုတ်ပြီး ထိုင်ခုံနဲ့တွဲချည်လိုက်"

ယုယနိုင်လူတွေဟာ ခြူးကို ခပ်မြန်မြန်ပဲ ကြိုတုတ်ပြီး ထိုင်ခုံဖြင့် လက်ရော ခြေထောက်ရော လှုပ်မရအောင် ချည်ထားလာသည်။

"အားလုံးထွက်သွား"

"ဒါပေမဲ့....."

ခပ်ထွားထွားလူတွေဟာ တွန့်ဆုတ်တွန့်ဆုတ်နှင့် ထွက်သွားလေသည်။

"နင်ဘာလိုချင်တာလဲ ယုယနိုင် ၊ ပိုက်ဆံလား"

"ငါက ပိုက်ဆံငတ်နေတဲ့ ပုံပေါ်လို့လား"

EX-BOYFRIEND ( ရပ်နား )Where stories live. Discover now