တစ်ခုသောနွေရာသီတစ်နေ့ဝယ်....
ခြံထဲတွင်စက်ဘီးပတ်စီးနေသည့်
၄နှစ်အရွယ်ကောင်မလေးတစ်ဦးရှိသည့်ခြံတံခါးအဝသို့ ခွင့်ယူကာရွာသို့ပြန်သွားသောဦးဘဝင်မှာ၇နှစ်အရွယ်ကောင်လေးအားလက်ဆွဲထားလေသည်။ သူသည်ခြံရှေ့မှလူခေါ်ဘဲလ်အားနှိပ်လိုက်သဘ့်အခါခြံထဲမှပြာပြာသလဲ ချောစုထွက်လာလေသည်။"ဟယ် ဘကြီး ပြန်လာတာမြန်လိုက်တာတော်ပြောတော့၁၅ရက်လောက်ကြာမယ်ဆိုဘယ်လိုဖစ်တာလဲတော့။ ကျုပ်မာတာလဲအမေ့ကိုပြောလိုက်ရဲ့လား" ချောစုမာရွာကပြန်လာသောဦးဘဝင်းအားအမေးမြန်းထူနေလေသည်။
"နင်မလဲ တယ်လျှာရှည်ပါလားငါအခုအရေးကြီးပြောစရာရှိလို့ အထဲမာမောင်မြတ်သာတို့ရှိရဲ့လား" ဦးဘဝင်းမာချောစုအဖြေတောင်မစောင့်ဘဲ ခြံထဲသုတ်သုတ်ဝင်သွားလေသည်။
"ကိုကိုကြီးနဲ့မမကြီးရှိတယ်ဧည့်ခန်းမာပဲ"
ချောစုမာသူကျော်ထွက်သွားသောဦးဘဝင်းအားလှမ်းအော်ပြောလိုက်ပီးခွန်းသာအနားသာသွားလေတော့သည်။"ခွန်းသာလေး စက်ဘီးမစီးတော့ဘူးလား"စက်ဘီးကိုရပ်ကာခြံထဲသို့ဝင်သွားသောဦးဘဝင်းတို့အားတလျှောက်လိုက်ကြည့်နေသောခွန်းသာအားချောစုမေးလိုက်ခြင်းဖစ်သည်။
"ဟင့်အင်းး ခွန်းသာမစီးချင်တော့ဘူး။ချောစုဘကြီးနဲ့ပါလာတဲ့ကောင်လေးကဘယ်သူလဲ။" ခွန်းသာမာချောစုအားအမြဲချောစုလိုသာခေါ်သည်။ မမတန်မမအန်တီတန်အန်တီမခေါ်ချေ။သူမိဘများပြောလည်း ချောစုဟုသာအမြဲခေါ်လေသည်။ချောစုကလည်းခွန်းသာဆိုသူငယ်ချင်းလိုပေါင်းပေးနေတော့ခွန်းသာလေးကြိုက်သလိုခေါ်စေပါသည်။
"ချောစုလည်းမသိဘူး ခွန်းသာရဲ့။ဘကြီးကအိမ်ထဲသုတ်သုတ်နဲ့ဝင်သွားတာ ချောစုမေးတာလဲမဖြေပါဘူး။"
ခွန်းသာစက်ဘီးကိုခြံထဲထားခဲ့ကာ အိမ်ထဲသို့သွားလေတော့သည်။
.........
ဦးဘဝင်းအိမ်ထဲသို့ဝင်သွားတော့ ဧည့်ခန်းမှာထိုင်နေသောဦးမြတ်သာကိုတွေ့လေသည်။"မောင်မြတ်သာ တူမကြီးရော
ဘကြီးခွင့်တောင်းစရာရှိလို့ပါကွယ်"သတင်းစာဖတ်နေသောဦးမြတ်သာမာဦးဘဝင်းအားတွေ့တော့ ပြုံးပြရင်း
YOU ARE READING
Our summer become love ( ongoing)
Romanceတဇွတ်ထိုးဆန်ပီးကိုယ်ထင်ရာလုပ်တက်တဲ့ကောင်မလေးနဲ့မာနကြီးပီးသူ့ကိုဆိုအမြဲနားလည်ခွင့်လွှတ်တက်တဲ့ကောင်လေး။ သူတို့ကြား ခွင့်မလွှတ်နိုင်တဲ့ကံကြမ္မာတွေကြောင့်ဝေးခဲ့ရပီး 6နှစ်ကြာမှပြန်တွေ့တဲ့အခါ အချစ်တွေဖစ်မလားအမုန်းတွေပဲဖစ်နေအုန်းမလား............ ဖတ်ပေးကြပါ...