Part.3

19 1 0
                                    

ခွန်းသာလုပ်လိုက်တဲ့ကိစကြောင့် ဖေဖေ့ဆီကရောမေမေ့ဆီကပါ ခွန်းသာအရမ်းအဆူခံခဲ့ရသည်။ ကိုက်ိုကတော့သူငယ်ချင်းအျမ်သွားအိပ်မည်ဟုမေမေတို့ကိုပြောသွားကာ တပတ်လောက်ထိအိမ်ပြန်မလာခဲ့ပါ။ ခွန်းသာဘယ်လိုမှကိုကို့ကိုဆက်သွယ်လို့မရခဲ့ပါ။ ဖုန်းခေါ်လို့တော့လည်းစက်ပိတ်ထားပါသည်။ လိုင်းပေါ်ကစာပို့တော့လည်း ကိုကိုကလိုင်းတက်မလာခဲ့ပါ။ ကိုကိုတကယ်ပဲခွန်းသာကိုစိတ်ဆိုးသွားပီထင်သည်။ အရင်က ခွန်းသာကိုကို့အပေါ်ဘာလုပ်လုပ်ကိုကိုစိတ်ဆိုးဖူးသည်မရှိခဲ့ပါ။ ခွန်းသာ ကိုယ့်လုပ်ရက်ကိုလွန်သွားမှန်း အချိန်လွန်သွားမှသိလိုက်ရသည်။ ကိုကို သူ့ကိုခွင့်လွှတ်ရန်သာကြိုးစားပီးတောင်းပန်ရတော့မည်။ ခွန်းသာဒီရက်ပိုင်းအပြင်တောင်မသွားဘဲအိမ်မာပဲနေနေခဲ့သည်ကိုကိုပြန်လာတဲ့အခါသူအိမ်မာရှိနေရန်သာဖစ်သည်။ ခွန်းသာ၏ရင်ဖွင့်ရာလေးမာ ဒဏာရီစာအုပ်လေးပင်ရှိသည်။ခွန်းသာမာ တခြားသူတွေသူ့ခံစားချက်ပြောပြတက်သည့်သူလည်းမဟုပါ။

*ကိုကိုရယ်ခွန်းသာတောင်းပန်ပါတယ်။ ခွန်းသာမာကိုကို့ကိုထိခိုင်အောင်လုပ်ဖို့စိတ်ကူးမရှိခဲ့ပါဘူး။ ကိုကိုနဲ့ ယွန်းမမှီတို့ တက္ကသိုလ်တူတူမနေရအောင်ပဲလုပ်ချင်ခဲ့တာပါ။ ခွန်းသာတခြားနည်းတွေအများကြီးစဥ်းစားခဲ့ပါတယ်။ ကိုကိုကစာတော်တယ်လေ စာလုပ်ရတာလည်းမပျင်းဘူးလေအ့ကြောင့်နောက်တနှစ်လောက်စာထပ်လုပ်ရလည်းဘာမှမဖစ်ပါဘူးဆိုပီး............ * စာရွက်လေးပေါ်သို့ကျသွားတဲ့မျက်ရည်ပေါက်လေးများးးးးးးးးး
ခွန်းသာကိုတကယ်ပဲမုန်းသွားပီလားကိုကိုရယ်။

တပတ်ကျော်တော့ ကိုကိုအိမ်သိူ့ပြန်လာခဲ့သည်။ ခွန်းသာနှင့်စကားပြောဖို့မပြောနဲ့မျက်နှာချင်းတောင်မဆိုင်ခဲ့ပါ။ ခွန်းသာစကားပြောဖို့ကြိုးစားတော့လည်းကိုကိုကရှောင်သွားမြဲဖစ်သည်။ ကိုကိုအိမ်ပြန်လာပီးဆယ်ရက်လောက်ကြာတဲ့အထိခွန်းသာကိုစကားတစ်လုံးမှမပြောပါချေ။ ခွန်းသာဒီနေ့တော့ ကိုကို့ကိုစကားပြောကာတောင်းပန်ပါမည်။ ကိုကိုရှောင်သွားလို့မရတဲ့နည်းနဲ့ပြောမှကိုဖစ်ပါမည်။   ညနေထမင်းလက်စုံစားပီးတော့ကိုကိုကသူ့အခန်းသူပြန်ရန်အပေါ်တက်သွားသည့်နောက်သို့ခွန်းသာ လိုက်သွားသည်။ ကိုကို့အခန်းရှေ့ရောက်တော့ ကိုကိုအခန်းကိုမဖွင့်ခင် ခွန်းသာကိုကို့လက်ကိုလှမ်းဆွဲလိုက်သည်။

Our summer become love ( ongoing)Where stories live. Discover now