Part.5

9 0 0
                                    

ခွန်းသာ အခန်းပြတင်းပေါက်လေးမှခြံထဲကိုလှန်းကြည့်မိတော့ ကိုကိုထိုင်နေကြ ခြံထဲက ခုန်တန်းလေးပေါ်တွင် ကိုကိုထိုင်နေလေသည်။

ခွန်သာအား ကျောပေးထားသည့်ဘက်တွင်ထိုင်နေတော့ အမှတ်တမဲ့ကြည့်လျှင် ကိုကိုဘာလုပ်နေသည်ဆိုတာသေချာမမြင်ရ၍ ခွန်းသာ အနည်းငယ်အာရုံစိုက်ကာကြည့်တော့ ကိုကိုမာ ဂစ်တာတီးနေတာဖသိလေသည်။

ခွန်းသာ မျက်လုံးတွေအရောင်လဲ့ကာသွားလေသည်။ ကိုကို့ကိုဂစ်တာတီးပီးသီချင်းဆိုပြခိုင်းရမယ်။ ခွန်းသာ အပြေးအလွှားပင် ခြံထဲဆင်းရန် ပြင်ကာ အခန်းပြင်ထွက်သွားလေသည်။

.
.
.
.
.
.
.
.
.
ခွန်းသာ ခြံထဲရောက်တော့ ကိုကို့အနားသို့အသံမထွက်စေရန်ခြေသံဖွဖွဖြင့်လျှောက်ရင်းသွားလေသည်။

ကိုကိုကတော့သူလာတာကိုသိမည်မထင်။ သူ၏ဂစ်တာတီးခြင်းအလုပ်ထဲတွင်သာစိတ်ဝင်စားနေ၍ဖစ်ပေမည်။

" ကိုကို့.." ခွန်းသာ မာ ကိုကို့ကိုလှန့်လိုက်သော်လည်း ကိုကိုကမလန့်သွားဘဲ သူ့အားပြုံး၍သာကြည့်နေလေသည်။

ခွန်းသာ နှုတ်ခမ်းလေးဆူကာ ကိုကိုနှင့်မျက်နှာချင်းဆိုင်က ခုံတွင်ဝင်ထိုင်လိုက်လေသည်။

"ကိုကို့ ဘယ်တုန်းကဂစ်တာဝယ်လိုက်တာလဲ။ ခွန်းသာကို သီချင်းဆိုပြပါလားဟင်။"

ခွန်းသာ ကိုကိုသီချင်းဆိုတာကိုမြင်ဖူးချင်သည်။

" မိုးသားဟာပါ။ သူတို့မအားတဲ့အချိန်မို့ကိုခန ယူထားတာ။ လေ့ကျင့်လို့လည်းရအောင်လို့လေ။ နောက်နေ့ကြ ပြန်လာယူမယ်ပြောတယ် "
မင်းထက်မောင်မာ ခွန်းသာအမေးအားဖြေရင်း ဂစ်တာကြိုးညှိနေလေသည်။

" ကိုကို ခွန်းသာကိုသီချင်းဆိုပြလို့နော်။ ကိုကိုနော်......... နော်လို့ကိုကို "
ခွန်းသာမာ မင်းထက်မောင်အားဂျီပူတိုက်နေလေသည်။

" ခွန်းသာက ဘာသီချင်းနားထောင်ချင်တာလဲ ပြောလေ။ ကိုက သိပ်ပီးတော့ မကျွမ်းသေးဘူး‌ေနာ် "
မင်းထက်မောင်မာအခုမှဂစ်တာတီးရင်းသီချင်းဆိုနိုင်သေးသည့်အဆင့်လောက်သာတီးရင်းသီချင်းဆိုနိုင်သေးသည့်အဆင့်လောက်သာရှိသေးတယ်။ အတီးပိုင်းမာတော့တအားမပိုင်နိုင်သေးဟုဆိုရမည်။

You've reached the end of published parts.

⏰ Last updated: Nov 17, 2024 ⏰

Add this story to your Library to get notified about new parts!

Our summer become love ( ongoing)Where stories live. Discover now