Episode 1

224 13 0
                                    

အခုလိုဆိုင်ပိတ်ရက်ကို မနက်စောစော  လမ်းထွက်လျှောက်ရတာကို သိပ်သဘောကျတာပဲ လေကောင်းလေသန့်ရလို့လေ

မနက်ဖြန်တိုင်းက ဒီနေ့လိုသာယာနေရင်  သိပ်ကောင်း
"အ....." ပြောလို့မှမဆုံးသေးဘူး အ‌နှောက်အယှက်ကဝင်ပီ

"ဒီမှာ...ရှင်လူတယောက်လုံးတောင်မမြင်ဘူးလား"
လူမှုရေးခေါင်းပါးလိုက်တာ သူများကိုဝင်တိုက်ပီး ဒီတိုင်းကြည့်နေရတယ်လို့

"ကျွတ်ကျွတ်....ငါ့ဒူးခေါင်းလေးတော့ သွားပါပီ"
 
ထိုစဉ်မျက်စိရှေ့ကို ရောက်လာတဲ့လက်ဖြူဖြူသေးသေးလေးအား ကြောင်အစွာကြည့်နေမိတယ်
"ထ..." ထိုလူအသံကြားမှ
ကျွန်မလဲအသိဝင်ကာ ထိုလက်သေးသေးလေးအား လှမ်းဆွဲကာ ထလိုက်မိသည်

"မင်းရဲ့ဒူးခေါင်းကပွန်းသွားတာပဲ မင်းတို့အိမ်လိုက်မလား"

သူကစကားပြောတတ်တာလား နေပါအုံး ဒါဘလိုစကားကြီးလဲ

"ဘာရှင့်...ကျွန်မကမသိတဲ့လူနောက်လိုက်စရာလား"မျက်မှောင်ကြုံ့ရင်းပြန်ပြောလိုက်မိတယ်

"တို့ကလူကောင်းပါနော်"
"ယုံစရာလား"
"မင်းမယုံရင် တို့အိမ်လိုက်ခဲ့လိုက်ပေါ့ ကလေးမရဲ့"
"အို...ဘာနေနေရှင် မလိုက်နိုင်ဘူး"

ဘာလား ဇွတ်အိမ်လိုက်ဖို့ခေါ်နေတာ လူကြည့်တော့ ပုတုတုနဲ့ မျက်နှာလဲမမြင်ရဘူး
ပြန်ပေးသမားတွေဘာတွေများ ဖစ်နေများမသိဘူး

"ဟေ့...မင်း တို့ကိုအဲ့အကြည့်နဲ့မကြည့်လို့ရမလား"
"မင်းရဲ့အကြည့်က တို့ကပဲမကောင်းတဲ့လူလိုလိုဖစ်နေပီ"

ကျွန်မလဲ အဲ့ပုတုတုအမျိုးသမီးနဲ့စကားဆက်ပြောမနေတော့ပဲ လမ်းဆက်လျှောက်ဖို့ပဲစိတ်ကူးလိုက်တယ်

စိတ်ကူးလေးကို ဖျက်စီးလိုက်တာကတော့ သွေးထွက်နေတဲ့ဒူးခေါင်း

"တို့ချီသွားပေးရမလား ကလေးမ"ထိုလူကစကားပြန်စလာပြန်တယ်
"ကျစ်....ရှင်မသွားသေးဘူးလား"ကျွန်မလဲစိတ်မရှည်တာ့ဟန်ဖြင့် ပြောလိုက်တယ်

နောက်ဆုံးတော့ရောက်လာခဲ့ပီ ကျွန်မအိမ်ကိုတော့မဟုတ်ဘူး
ထိုအမဲရောင်လူသားအိမ်ကို

Till the day that I die Where stories live. Discover now