အခုလိုဆိုင်ပိတ်ရက်ကို မနက်စောစော လမ်းထွက်လျှောက်ရတာကို သိပ်သဘောကျတာပဲ လေကောင်းလေသန့်ရလို့လေ
မနက်ဖြန်တိုင်းက ဒီနေ့လိုသာယာနေရင် သိပ်ကောင်း
"အ....." ပြောလို့မှမဆုံးသေးဘူး အနှောက်အယှက်ကဝင်ပီ"ဒီမှာ...ရှင်လူတယောက်လုံးတောင်မမြင်ဘူးလား"
လူမှုရေးခေါင်းပါးလိုက်တာ သူများကိုဝင်တိုက်ပီး ဒီတိုင်းကြည့်နေရတယ်လို့"ကျွတ်ကျွတ်....ငါ့ဒူးခေါင်းလေးတော့ သွားပါပီ"
ထိုစဉ်မျက်စိရှေ့ကို ရောက်လာတဲ့လက်ဖြူဖြူသေးသေးလေးအား ကြောင်အစွာကြည့်နေမိတယ်
"ထ..." ထိုလူအသံကြားမှ
ကျွန်မလဲအသိဝင်ကာ ထိုလက်သေးသေးလေးအား လှမ်းဆွဲကာ ထလိုက်မိသည်"မင်းရဲ့ဒူးခေါင်းကပွန်းသွားတာပဲ မင်းတို့အိမ်လိုက်မလား"
သူကစကားပြောတတ်တာလား နေပါအုံး ဒါဘလိုစကားကြီးလဲ
"ဘာရှင့်...ကျွန်မကမသိတဲ့လူနောက်လိုက်စရာလား"မျက်မှောင်ကြုံ့ရင်းပြန်ပြောလိုက်မိတယ်
"တို့ကလူကောင်းပါနော်"
"ယုံစရာလား"
"မင်းမယုံရင် တို့အိမ်လိုက်ခဲ့လိုက်ပေါ့ ကလေးမရဲ့"
"အို...ဘာနေနေရှင် မလိုက်နိုင်ဘူး"ဘာလား ဇွတ်အိမ်လိုက်ဖို့ခေါ်နေတာ လူကြည့်တော့ ပုတုတုနဲ့ မျက်နှာလဲမမြင်ရဘူး
ပြန်ပေးသမားတွေဘာတွေများ ဖစ်နေများမသိဘူး"ဟေ့...မင်း တို့ကိုအဲ့အကြည့်နဲ့မကြည့်လို့ရမလား"
"မင်းရဲ့အကြည့်က တို့ကပဲမကောင်းတဲ့လူလိုလိုဖစ်နေပီ"ကျွန်မလဲ အဲ့ပုတုတုအမျိုးသမီးနဲ့စကားဆက်ပြောမနေတော့ပဲ လမ်းဆက်လျှောက်ဖို့ပဲစိတ်ကူးလိုက်တယ်
စိတ်ကူးလေးကို ဖျက်စီးလိုက်တာကတော့ သွေးထွက်နေတဲ့ဒူးခေါင်း
"တို့ချီသွားပေးရမလား ကလေးမ"ထိုလူကစကားပြန်စလာပြန်တယ်
"ကျစ်....ရှင်မသွားသေးဘူးလား"ကျွန်မလဲစိတ်မရှည်တာ့ဟန်ဖြင့် ပြောလိုက်တယ်နောက်ဆုံးတော့ရောက်လာခဲ့ပီ ကျွန်မအိမ်ကိုတော့မဟုတ်ဘူး
ထိုအမဲရောင်လူသားအိမ်ကို
YOU ARE READING
Till the day that I die
FanfictionLiliမရှိလို့မဖစ်ပါဘူးလို့ ပြောထားရဲ့သားနဲ့ တို့ကိုထားခဲ့ရက်တယ် တို့ကရော Liliမရှိဘဲအသက်ဆက်ရှင်နိုင်မယ်ထင်လို့လား....ဟမ်