"မင်္ဂလာပါရှင့် Lily flower house မှကြိုဆိုပါတယ်ရှင်"ဝန်ထမ်းကောင်မလေးက ခါးကိုကိုင်းညွှတ်ကာ အရိုအသေပေးလိုက်ရင်း ပြောလာတယ်
"ဒီကအမ ဘယ်ပန်းလေး လိုချင်လို့လဲရှင့်"
"အမကို နှင်းဆီအနီ27ပွင့်ပါတဲ့ ပန်းတစည်းလောက်ပေးပါ"Jenလဲ ဝန်ထမ်းလေးအား ပြုံးပြရင်း စကားဆိုလိုက်တယ်"ဟုတ်ကဲ့ ခဏလောက်ထိုင်စောင့်ပေးပါနော်"စားပွဲဝိုင်းတွေကို ညွှန်ပြရင်း ဝန်ထမ်းကောင်မလေးက ပြောလာပြန်တယ်
Jenလဲထိုကောင်မလေးညွှန်ပြတဲ့ နေရာမှာပဲထိုင်စောင့်နေလိုက်တယ် ခဏကြာတော့
"ချွင်....ချွင်" ဆိုင်တံခါးမှာတပ်ထားတဲ့ ခေါင်းလောင်းသံကို ကြားလိုက်ရပင်မဲ့လဲ ကိုယ်နဲ့မဆိုင်တာမို့ လျစ်လျူရှုထားလိုက်မိတယ်"lisa ဒီနေ့နောက်ကျတယ်နော်"ဝန်ထမ်းကောင်မလေးရဲ့စကားသံ
ရင်းနှီးနေတဲ့နမည် lisaဆိုတော့ Lili....Liliများလား သိလိုစိတ်ဖြင့် counterဘက်ကိုလှမ်းကြည့်လိုက်တော့ ကောင်မလေးရဲ့ကျောပြင်ကိုသာမြင်ရတယ်Jenလဲဆက်ကြည့်မနေတော့ဘဲ ဆိုင်အပြင်ဘက်ကလှုပ်ရှားမှုတွေကိုသာ ကြည့်နေလိုက်တယ်
"ဟုတ်တယ် အမSomiရေ....Lisaရဲ့ကားပေါ့ လမ်းတဝက်မှာ ပျက်သွားလို့လေ"မျက်နှာကိုရှုံ့မဲ့ကာ စိတ်ညစ်နေဟန်ဖြင့် Lisaပြန်ဖြေလိုက်တယ်
"အဲ့ဒါဝက်ရှော့ပို့နေတာနဲ့ ကြာသွားတာ"
"ဒါနဲ့....costumerရောက်နေတာလား" စည်း လက်စဖစ်နေတဲ့ ပန်းတွေကိုကြည့်ရင်း အသံခပ်တိုးတိုးဖြင့် lisaထပ်မေးလိုက်တယ်"ဟုတ်တယ်lisa...နှင်းဆီနီ 27ပွင့်တောင် မှာထားတာ"
"ဟိုမှာစောင့်နေတဲ့အမျိုးသမီးကလေ" အမျိုးသမီးတဦးထိုင်နေတဲ့ စားပွဲဘက်ကိုလက်ညှိုးထိုးပြရင် အမsomiက ပြန်ဖြေလာတယ်lisaလဲတချက်ကြည့်ပီး လုပ်စရာရှိတာဆက်လုပ်နေလိုက်တယ်
ခဏကြာတော့
"Lisa...အမပန်းစည်းတာပီးပီနော်" ပန်းစည်းကိုမှောက်ပြရင်း ပြောလာတဲ့အမsomiကို ခေါင်းညှိမ့်ရင်း ပြန်ပြုံးပြလိုက်တယ်"lisaသွားပေးလိုက်မယ်အမ" ပန်းစည်းအားလက်လွှဲယူရင်း စောင့်နေတဲ့ costumerအမျိုးသမီးဆီကို ထွက်လာလိုက်တယ်
YOU ARE READING
Till the day that I die
FanfictionLiliမရှိလို့မဖစ်ပါဘူးလို့ ပြောထားရဲ့သားနဲ့ တို့ကိုထားခဲ့ရက်တယ် တို့ကရော Liliမရှိဘဲအသက်ဆက်ရှင်နိုင်မယ်ထင်လို့လား....ဟမ်