Episode 4

62 9 4
                                    

မီးရောင်မှိန်ပြပြသာရှိနေတဲ့ အခန်းတခန်းထဲက အမိန့်ပေးသံတွေ ဒေါသစိတ်ကြောင့်ကြုံ့ထားတဲ့မျက်ခုံးတစ်စုံ ခပ်တင်းတင်းဖစ်နေတဲ့နှုတ်ခမ်းသားထူထူတွေ
ထိုလူရှေ့မှာ ဇာတ်ကျိုးမတတ်ငုံ့ထားကြတဲ့ လူ၅ယောက်

"သူမကိုသေချာစောင့်ကြည့်ထားပါလို့ ငါမင်းတို့ကိုမှာထားရဲ့သားနဲ့...မင်းတိုကတလွဲလုပ်ရဲတယ်ပေါ့လေ" အပြစ်မရှိတဲ့စားပွဲခုံအဖြူလေးကို ခပ်ကြမ်းကြမ်းထုရင်း အော်ပြောလိုက်တဲ့ အမျိုးသားတစ်ဦး
မျက်နှာတစ်ဝက်သာဖော်ထားတဲ့မျက်နှာဖုံးကြောင့် ထိုအမျိုးသားရဲ့မျက်နှာဟာ ဘယ်သူဘယ်ဝါမှန်းခန့်မှန်းမရ

"တောင်း...တောင်းပန်ပါတယ်သခင်လေး၊ ကျွန်တော်တို့လဲသေချာစောင့်ကြည့်...."လူ၅ယောက်ထဲမှ ခေါင်းဆောင်လို့ထင်ရတဲ့ဦလေးကြီးရဲ့ စကားသံမဆုံးခင်မှာပင် ကြားလိုက်ရတဲ့ ကြက်သီးထစရာအသံ
"တိတ်စမ်းးးး"
အော်ပြောကာ တဖြည်းဖြည်းမော့ကြည့်လာသည့် ထိုအမျိုးသားရဲ့မျက်ဝန်းတွေဟာ မည်းနက်ကြည်တောက်နေသည် တနည်းအားဖြင့် ကျောချမ်းစရာမျက်ဝန်းတွေ

"တပတ်အချိန်ပေးမယ်"
သခင်လေးဆိုသူရဲ့စကားကြားတော့ မျှော်လင့်တကြီး ခေါင်းမော့ကာကြည့်လာကြတဲ့ လူ၅ယောက်
"ဟုတ်...ဟုတ်ကဲ့ တပတ်အတွင်း တွေ့...တွေ့အောင်ရှာပေးပါ့မယ်သခင်လေး"ခေါင်းဆောင်ဦးလေးကြီးကလဲ ခေါင်းတဆတ်ဆတ်ငြိမ့် အရိုအသေပေးကာ ကတိတွေပေးလာခဲ့တယ်

"တခုတော့ရှိတယ်" "တပတ်အတွင်းရှာမတွေ့ရင်  ခင်ဗျားတို့တသက်လုံး အိပ်စက်ချင်တဲ့နေရာကို စိတ်ကြိုက်သာရွေးထားလိုက်"
ထိုသခင်လေးက အကြင်နာမရှိ အေးစက်စက်စကားတွေကိုသာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်

မပေါ့မပါးဖစ်သွားရတာကတော့ လူ၅ယောက်
"ဘလိုလုပ်ကြမလဲခေါင်းဆောင်" လူ၅ယောက်ထဲကလက်ထောက်တယောက်ကစိုးရိမ်စွာပြောလာသည်
"တစ်ပတ်ဆိုတဲ့အချိန်ကနည်းလွန်းတယ်လေ ကျွန်တော်တို့တွေ့ပါ့မလား"
"ဘာလဲ...မင်းကတပတ်အချိန်မယူပဲ အခုချက်ချင်းသေလိုက်ချင်လို့လား၊အချိန်ပေးတာပဲကျေးဇူးတင်"ခေါင်းဆောင်ကထိုလက်ထောက်ကို ဟောက်လိုက်တော့မှပဲငြိမ်ကျသွားတော့သည်

Till the day that I die Where stories live. Discover now