"I don't see nobody but you" oh I failed

76 15 0
                                    

ပြတင်းပေါက်ကို ကြည့်မိတော့ မြောက်လေအေးအေးက နှာခေါင်းဖျားလေးကို လာရောက်တိုက်ခတ်နေသည်မှာ ကြည်နူးဖွယ်ရာအတိ ထိုခံစားချက်နဲ့ ဆန့်ကျင်စွာပင် နှလုံးသားထဲတွင်တော့ လစ်ဟာနေသယောင် ထိုခံစားချက်ဖြစ်ပေါ်အောင် လုပ်နိုင်ခဲ့သူမှာကား လွန်ခဲ့သော နှစ်ရက်လောက်က ကောင်လေးပင်

"ဂျိုရှုအာ စိတ်လွတ်သွားပြီထင်တယ်" ဟုသာ တစ်ကိုယ်တည်းငြီးတွားမိသည် စိတ်လွတ်သည်မှာ ထိုကောင်လေးကြောင့်ဟူ၍လည်း ပြောပြချင်သေးပါသည်။

ထိုကောင်လေးနှင့် တွေ့သည်မှာ ရုပ်ရှင် မဆန်နေသလို စိတ်ညစ်စရာကောင်းသောနေ့တစ်နေ့တွင်တွေ့ခဲ့သည်။ သို့ပေမဲ့ ဘယ်သူသိနိုင်မလဲ ထိုသူရဲ့ လှပသော မျက်လုံးလေးတွေထဲကို ဂျိုရှုအာတစ်ယောက် ခုန်ဆင်းမိပြီ ဆိုတာ ကိုလေ

အလုပ်တွင် စံပြဒုမန်နေဂျာ ရာထူးရထားသောသူက ရုံးတစ်ရက်နောက်ကျမိလို့ စံပြ မဟုတ်တော့ဘူးဆိုတာ တရားလား ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဗျာ တကယ့်လူတွေ

စိတ်ညစ်ညစ်နဲ့ပင် အမြဲသောက်နေကျ ကော်ဖီဆိုင်ကို ဝင်ခဲ့လိုက်သည်။ တံခါးဖွင့်လိုက်မိသည်နှင့် ဂျိုရှုအာမျက်လုံးထဲတွင် ဝင်ရောက်လာသော လူသားလေးတစ်ယောက် မဟုတ်သေးဘူး နတ်သားလေးလို့ပြောရမလားပဲ

မျက်လုံးထဲတွင် တစ်ကယ်ကို ထိုလူသားတစ်ယောက်ပဲ ရှိတော့သလို ခံစားနေရပြီး နှလုံးသားရဲ့ ဟန်ချက်ကလည်း မြန်သထက်မြန်လာလေပြီ
တစ်ခြားလူတွေတော့ မသိပေမယ့် ဂျိုရှုအာ အတွက်တော့ မျက်လုံးထဲကနေ ထိုကောင်လေးကို ထုတ်မရခဲ့

"အကို ဘာသောက်မလဲ မသိဘူး" အရှေ့က ခပ်တိုးတိုးမေးသံကြားမှ ထိုကောင်လေးရဲ့မျက်နှာလှလှပေါ် ကျရောက်နေသော ကျွန်တော်အကြည့် တွေကို ရုတ်သိမ်း လိုက်သည်။

အစက ထိုင်သောက်ဖို့ အစီအစဉ်မရှိပေမဲ့ ကိုယ့်ခန္ဓာပေါ်က ခြေထောက်က စေခိုင်းမှုမရှိပါပဲ ထိုကောင်လေးရဲ့ မျက်နှာချင်းဆိုင် ခုံဆီသို့

မှာယူထားသော Americano တစ်ခွက်သည်လည်း ဒီနေ့မှ ပိုချိုနေသယောင်

I pretend I'm happy for you  (One Shot)Where stories live. Discover now