အပိုင်း - ၃၇ ( လက်ဖဝါးပြင်ထက်က ပုစဉ်း)Double update for today. Please make sure to read the previous chapter too. Thanks.
".... ဟုတ်"
ထိုသူက ဤစကားအား တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သလား ချန်ဝမ် မသိပါ။ အနည်းငယ် ရှက်ရွံ့သည့်တိုင် ရင်ထဲမှာေတာ့ လွန်စွာ ပျော်ရွှင်ရပါ၏။
သတိသေချာထားရမည်။ ချန်ဝမ် သူ့ကိုယ်သူ သတိပေးလိုက်သည်။
တာ့ဟုန်ဖောင်မှာ ငုတ်တိုလေးသာ ကျန်တော့သဖြင့် ကျောက်ရှန်းကောက ၎င်းအား မီးသတ်လိုက်၏။ ရုတ်တရက်ဆိုသလို လက်တစ်ဖက်က သူ့ရှေ့ ဆန့်တန်းကာ လက်ဖဝါးဖြန့်ပေးလာလို့။
"?"
ချန်ဝမ်မှ ဆို၏။
"ကျွန်တော့်ကို ပေးပါ။ သွားလွှင့်ပစ်ပေးပါ့မယ် "
အပြင်ဘက်တွင် အမှိုက်ပုံးမရှိသဖြင့် လက်ထဲ တစ်ချိန်လုံးကိုင်ထားဖို့ အဆင်မပြေလောက်ပါ။
"..."
ကျောက်ရှန်းကောမှာမူ ချန်ဝမ်၏ ဝန်ဆောင်မှုပေးနိုင်စွမ်းကို အမြဲဩချရသည်။ ဘာကြောင့်များ ထိုသူက ဤကိစ္စများအား အမြဲ သဘာဝဆန်စွာနှင့် တည်ငြိမ်ေလးနက်စွာ လုပ်ဆောင်ပေးနိုင်ပါသနည်း။
စီးကရက်လက်ကျန်မှာ သိပ်မပူတော့ပါ။ သို့သော်ငြား ကျောက်ရှန်းကောက အနည်းငယ် အခက်တွေ့စွာပင် ချန်ဝမ်၏လက်ကို ခပ်ဖွဖွ ရိုက်လိုက်၏။
"မလိုဘူး"
ချန်ဝမ်ခမျာ တိတ်တဆိတ် အံ့ဩနေလို့။
သူ့လက်ဖဝါးပြင်ပေါ် ပုစဉ်းလေးတစ်ကောင် လာနားသွားသည် ၊ သူ မဖမ်းဆုပ်နိုင်မီ ၎င်းက ပျံသန်းထွက်ခွာသွားခဲ့ပြီဟု ခံစားလိုက်ရသည်မို့။
ပြန်လာသည့်အချိန်တွင်မူ သီးခြားစီသာ။ ချန်ဝမ်မှာ ဖုန်းဖြေဆိုဖို့ ကျန်နေရစ်၏။
ဤေနရာကို ထွက်မလာသေးခင် ချန်ဝမ်ဆီ စုန့်ချင်းမြောင့် ဖုန်းခေါ်ထား၏။ သို့သော် သူ ပြန်မခေါ်ရသေးပါ။
"ပေါင်ပေါင်း ၊ ဒေါက်တာ လာစစ်ပြီးပြီလား"
ထိုသို့မေးလာခြင်းမှာ ချန်ဝမ်၏ အခြေအနေကို စိုးရိမ်သောကြောင့် မဟုတ်ပါ။ သူမဘက်မှ ပြောစရာရှိ၍ ဖြစ်၏ ။
![](https://img.wattpad.com/cover/373527938-288-k999322.jpg)
YOU ARE READING
ချီလော့လီဝေစီးထံမှ ပြန်စာ [ To Keats ] [ Completed ]
Lãng mạn"ချန်ဝမ်...ကိုယ် မီးခြစ် ယူမလာခဲ့ဘူး"