“မင်းပြန်လာမယ်ဆိုတာငါသိတယ်
ဒါကြောင့်မင်းကိုစောင့်နေခဲ့တာ”ဘိလပ်မြေတိုင်(ဓာတ်တိုင်) ပေါ်တွင်ချိတ်ဆွဲထားသောအသံချဲ့စက်ကြီးသည် ေလ၊ မိုးနှင့်နှင်းများကြောင့် ရာသီဥတုဒဏ်ခံရပြီးအဖြူရောင်အဖြစ်မှိန်သွားသော်လည်း အရည်အသွေးကောင်းမွန်သောကြောင့် အသံမှာကြည်လင်နေသေးသည်။ ပုံမှန်အားဖြင့် ယခုအချိန်သည် နေ့ခင်းဘက်နားချိန်ဖြစ်သော်လည်း ကျေးလက်ဒေသ၏ အရှိန်အဟုန်သည်နှေးကွေးနေသည်။
အပြာနှင့်အဖြူရောင်ရှိသည့် ကောင်းကင်ကြီးဟာလဲ မျက်စိတဆုံးဖြန့်ကျက်၍အဆုံးမဲ့စွာ။ ခေါင်မိုးအတွင်းပိုင်း သံချိတ်တစ်ခုမှ ချိတ်ဆွဲထားသော ဝါးတိုင်ပေါ်တွင် စာငှက်အနည်းငယ်လဲရှိသည်။
ကျူးကျစ်ရှင်းသည် သစ်သားစားပွဲပေါ်တွင်ထန်းလျက်ဖြင့်ပြုလုပ်ထားသော ယပ်တောင်တစ်ခုဖြင့် အိမ်လုပ်ကုလားထိုင်ပေါ်တွင်လဲလျောင်းနေသည်။ စားပွဲဝိုင်းအလယ်ရှိ ကြွေပန်းကန်လုံးတစ်လုံးထဲမှာလဲ လိမ္မော်သီးစိမ်းအနည်းငယ်ရှိသည်။ အပူလှိုင်းတွေက ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေတဆင့်ပြေးဝင်လာပြီး ရှည်လျားပြီး သည်းမခံနိုင်သော နွေရာသီကစတင်နေပြီဖြစ်သည်။ ဤနေရာတွင် တစ်နှစ်လျှင် ရာသီနှစ်ခုသာရှိသည်။ နွေရာသီနှင့် ဆောင်းရာသီဖြစ်သောကြောင့် တဖြည်းဖြည်းနှင့် လိုက်လျောညီထွေဖြစ်အောင်နေကြရသည်။
ပိတ်ရက်များသည် ရှည်လျားပြီးငြီးငွေ့ဖွယ်ကောင်းသည်
အားလပ်ရက်စသည့်ညတွင် အတန်းေဖာ်များသည် သီးသန့်ပွဲတစ်ခုစီစဥ်ပြီး သူ့အားပါဝင်ဆင်နွှဲရန်အတွက် တက်ကြွစွာတောင်းဆိုနေကြသည်။ အတန်းဖော်တစ်ယောက်က Bluetooth နားကြပ်ကိုတပ်ဆင်ကာသီချင်းများအော်ဆိုနေရင်း သူ့ရဲ့အထင်အမြင်ကိုမေးနေသည်။ ကျူးကျစ်ရှင်းသည် သူ့ထိုင်ခုံတွင်ငြိမ်သက်စွာထိုင်နေပြီး ထိုအတန်းဖော်ရဲ့ နားကြပ်မှပေါက်ကြားလာသည့် သီချင်းသံကို ကြားနေရဆဲဖြစ်သည်။[ကျူးကျစ်ရှင်းကို partyလိုက်မှာလားမလိုက်ဘူးလား
ဆိုပြီးမေးတဲ့သဘောပါ]
YOU ARE READING
Brother or Good Brother
RomanceFic name - 是哥哥这是好哥哥 Eng name - Brother or Good Brother Author - 我在听啦 (lofter name) Episode - oneshot Gong - Liu Yaowen Shou - Zhu Zhixin