မြို့ကိုပြန်ရောက်ရောက်ခြင်း ဆေးရုံသို့သွားရသည်။ထင်သစ်တစ်ခုခုဖြစ်သွားလို့ မဖြစ်ပေ။အခန်းတွင်းသို့ဝင်လိုက်သည်နှင့် မနှစ်မြို့ဖွယ်ရာမြင်ကွင်းတစ်ခုကိုမြင်လိုက်ရသည်။
"ဘာဖြစ်တာတဲ့လည်း ဦးလေး"
"သူညနေဘက် အပြင်လမ်းလျှောက်ထွက်ရင်းနဲ့ ဝိုင်းထိုးတာခံရတယ် ပြောတာပဲ"
"ဘာလို့လည်းဆိုတာ သိလား ဘယ်သူတွေထိုးတာလည်းရော သိလား"
"စောဉာဏ်သွားပြီး စုံစမ်းနေတယ် သူကထင်သစ်ဘက်က ဝင်ထိုးလာခဲ့တာ။ထင်သစ်ကိုလည်း သူပဲ အိမ်ကို ပြန်ပို့ပေးတာ။"
"မဖြစ်ဘူးဦးလေး စောဉာဏ်က အဲ့လိုလူမျိုးမှမဟုတ်တာ"
ဘယ်လိုပဲဖြစ်စေ သူစောဉာဏ်ကို မယုံနိုင်ပါ။အမြဲ ထင်သစ်ပေါ်မှာအနိုင်ကျင့်နေသူက ထင်သစ်ကိုကယ်တာမဖြစ်နိုင်။သူ့ဘာသူလုပ်ကြံဇာတ်ခင်းတာပဲ ဖြစ်မည်။လုပ်ကြံဇာတ်ခင်းရအောင်လည်း ခုဖြစ်နေတာ လက်ရှိကာလ ဇာတ်ကားထဲမှာမဟုတ်။
"သားရယ် အရမ်းအတွေးမလွန်ပါနဲ့ ပြီးတော့ ထင်သစ်ခုလို ခနခနဖြစ်နေတာကိုလည်း မေမေသဘောမကျဘူး။ခုမှ ကျောင်းသားဘဝရှိသေးတာကို လူဆိုးပုံစံဖြစ်နေမယ်"
"ထင်သစ်က ဘယ်သူ့မှဘာမှမလုပ်ဘူးမေမေ။ကျောင်းကောင်စီခေါင်းဆောင် လူတိုင်းနဲ့တည့်တယ်။သူ့ကြည့်လိုက်တိုင်းပြုံးရွှင်နေတာကို ဘယ်သူကမုန်းမှာလည်း"
"မုန်းတဲ့သူရှိလို့အထိုးခံရတာပေါ့ ခုမင်း စောဉာဏ်နောက်ကိုလိုက်သွားပြီး သူနဲ့တူတူ ကူပြီးစုံစမ်းလာခဲ့"
"အကို သူကခုမှ ကျောင်းတောင်ပြီးသေးတာမဟုတ်ဘူးလေ ဒီလိုလုပ်ဖို့လိုလိုလား"
"စောဉာဏ်တောင်သွားနိုင်တာကို နင့်သားကဘာလို့မသွားနိုင်ရတာလည်း"
"စောဉာဏ်က......အကိုလည်းသိသားနဲ့"
ဆူညံနေသောစကားဝိုင်းမှ ခနတိတ်ဆိတ်သွားသည်။
ထိုအချိန်တခါးဖွင့်သံကြားလိုက်သည်။"လေးလေး ထင်သစ်ကိုထိုးတဲ့သူတွေက ကျောင်းက ဇိုးလိုလိုဘာလိုလိုကောင်တွေ ဟိုနေ့ထင်သစ်က ကထိန်ဖို့အလှူလိုက်ခံတုန်းက သူတို့မှာမပါတာကို သူတို့ရှေ့ကို အလှူခံခွက်ထိုးပေးလို့ သူတို့ကို အရှက်ခွဲသလိုဖြစ်သွားလို့တဲ့"
YOU ARE READING
Building with love (ချစ်ခြင်းဖြင့်ဖွဲ့စည်းသော်) Uni+Zawgyi
Romanceဘုန်းတည်ကြည်+အောင်ထင်မြတ် ကျောင်းတဲ့နေစဉ်ကာလတည်းက မရှုပ်မရှင်းဖြစ်ခဲ့တဲ့ သူတို့ရဲ့ အချစ်ရေး ကိစ္စတစ်ခု။နှစ်အနည်းငယ်အကြာ အရင်ကကျောင်းတူတူတက်ခဲ့တဲ့ မြို့လေးမှာ နှစ်ယောက်ပြန်ဆုံကြရာမှ သူတို့ဇာတ်လမ်းလေး ဘာဆက်ဖြစ်ကြမလည်း။ ငြိမ့်ငြိမ့်လေးနဲ့သွားမှာမို့ အေ...